ယခုတစ်ပတ်ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ် လျော့သွားကြောင်း သိရပါတယ်။ ဝင်ရောက်မှု မှာလည်း တောင်ကြီး၊ အောင်ပန်း ဘက်မှ တစ်ပတ်ကို ပိဿာ ၃၀ ဝင်အိတ် ၅၀ ခန့် ပုံမှန်အဝင်ရှိပြီး
လက်ကျန်ချင်းများ အဝင်ရှိနေပါတယ်။ ဈေးကျသွားပေမဲ့ အရောင်းအဝယ်မှာသွက်မနေဘဲ တစ်နေ့ကို ပိဿာချိန် ၅၀ ခန့်သာရှိပြီး ဈေးနှုန်းအနေဖြင့် ချင်းရှယ် တစ်ပိဿာကို ၂၄၀၀ ကျပ်၊ ဂျွန် ၂၃၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် အေးလျက်ရှိနေပြီး ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်ကို ပြည်ဈေးကွက်မှတစ်ဆင့် တစ်ရက်ကို ၅ အိတ်ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်