ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းအဝင်နည်းသွားပါတယ်။ ဥမတွေကလည်း မပေါ်သေးဘဲ လက်ကျန်ချင်းတွေကို ဝယ်လက်တွေကအများအပြားဝယ်နေတာကြောင့်ဈေးကွက်မှာလည်းပစ္စည်းကပြတ်သလောက်ဖြစ်သွားပါတယ်။အဝင်နည်း သွားတာသာမဟုတ်ဘဲလုံးဝအ၀င်မရှိတော့ဘူးလည်းဆိုပါတယ်
။ပြီးခဲ့တဲ့အပတ်ကစပြီး၊စစ်တွေဝယ်လက်တွေကရှိသလောက် ဝယ်ယူ နေတာကြောင့် ဝယ်လိုအားများပြီး၊ ရောင်းအားက နည်းနေပါတယ်။ ဥမကလည်း နောက်လမှ သာ ဈေးကွက်ကို ဝင်တော့မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနှစ်က မေလမှာဘဲ မုန်တိုင်းကြောင့် မိုးရွာလာလို့ ဥမတွေလည်း စောစောထွက်လာနို င်မယ် လို့ ခန့် မှန်းကြပါတယ်။ ဒီတစ်ပတ် ချင်းစိုကို စစ်တွေဝယ်လက်တွေက အများဆုံး ဝယ်နေ ပါတယ်။ ပုံမှန်ဝယ်နေတဲ့ ရန်ကုန်- မန္တလေး၊ မုံရွာ၊ နေပြည်တော်၊ ပြည်စတဲ့ မြို့ တွေကလည်း ဝယ်နေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၃ ဒသမ ၃၆ သိန်း အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ချင်းစို တစ် ပိဿာကို ၁၀၀၀ ကျပ်မှ ၁၇၀၀ ကျပ်ရှိပါတယ်။ ချင်းခြောက်ကိုတော့ ပရဆေး ပြုလုပ်ဖို့အတွက် ရန်ကုန်-မုံရွာဝယ်လက်တွေက တစ်ပိဿာ ၂၃၀၀ ကျပ်ဈေးနဲ့ ဝယ်ယူနေပြီး၊ တစ်ပတ်အတွင်း ပိဿာချိန် ၁၃၁၀၀ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်းပွဲရုံက သိရပါတယ်။