ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ပြည်ပကို မေလ ၄ ရက်မှ ၁၀ ရက် သီတင်းပတ်အတွင်း မန်ကျည်းတန်ချိန် ၈၃၅ ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာဗီယက်နမ်နိုင်ငံကို ၁၃၁ တန်၊ မလေးရှားနိုင်ငံကို တန် ၁၅၀ ၊ ပါကစ္စတန်နိုင်ငံကို ၄၇၅ တန်၊ အင်ဒိုနီးရှားနိုင်ငံကို တန် ၅၀ နဲ့ စင်ကာပူနိုင်ငံကို ၂၉ တန်တင်ပို့ခဲ့တယ်လို့သိရပါတယ်။
ဒီတစ်ပတ်တင်ပို့မှုမှာ ပါကစ္စတန်နိုင်ငံ ကိုအများဆုံးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုမှာ တန်ချိန်ကိုးရာ့ကိုးဆယ် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်တင်ပို့မှုတန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်ရာ့ငါးဆယ်ကျော် တင်ပို့မှုလျော့ခဲ့တယ်လို့သိရပါတယ်။ မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သိန်း ကျော်ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။