သီတင်းတစ်ပတ်ဖြစ်တဲ့မေလ ၄ ရက်မှ ၁၀ ရက်သီတင်း ပတ်အတွင်း နနွင်း ၂၀၁ ဒသမ ၈၄တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံကို ၁၃၉ ဒသမ ၃၅ တန်၊ စင်ကာပူနိုင်ငံကို ၄၉ ဒသမ ၅ တန်၊ ဂျော်ဒန်နိုင်ငံကို ၁၂ ဒသမ ၉၉ တန်တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။
ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံကို အများ ဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်မှာနနွင်းတင်ပို့မှုက တန်ချိန်နှစ်ရာ့ခုနှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန် ချိန်ခြောက်ဆယ်ကျော် တင်ပို့မှု လျော့ခဲ့ပါတယ်။ဒီတစ်ပတ်နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ရှစ်သောင်းခုနှစ် ထောင်ကျော် ဝင်ငွေ ရ ရှိခဲ့တယ်လို့ သိရပါတယ်။