Main menu

Background

ပြည်ပဝယ်လက်ရှိတဲ့ ရှမ်းနနွင်းဈေးကွက်

Wed, 05/21/2014 - 04:10 -- ydnar

 
ဧပြီလထဲက အရောင်းအဝယ်ဖြစ်လာခဲ့တဲ့ ရှမ်းနနွင်းက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ်ဖြစ်နေတုန်းပါပဲ။ အရင် အပတ်တွေတုန်းကတော့ ဘင်္ဂလားဒေ့ရှ်ကို ပို့ဖို့အတွက် တောင်ကုတ်ဝယ်လက်တွေက ဝယ်ယူခဲ့ပြီး၊ဒီတစ်ပတ်တော့ တရုတ် ဝယ်လက်တွေက ဝယ်နေပါတယ်။ အဟောင်းတွေကလည်း ကျန်နေပြီး အသစ်တွေကလည်း ဈေးကွက်ကို ဝင် လာတာေ ကြာင့်ပစ္စည်းက အဝင်လှိုင်နေတယ်လို့ ဆိုပါတယ် ...။

ဒါပေမဲ့ တရုတ်ဝယ်လက်တွေကလည်းစိတ်ကူးပေါက်တဲ့အခါ ဝယ်လိုက်၊ပြန်နားသွားလိုက်နဲ့ကြောင့်ဒီတစ် ပတ်ဝယ်ပြီးရင် နောက်တစ်ပတ်လည်း ထပ်ပြီးဝယ်ဦးမလားလို့ စောင့်နေရ တာကြောင့် အလုပ်ကလည်း သိပ်မဖြစ်ဘူးလို့ တောင်သူတွေ ပွဲရုံတွေက ဆိုပါတယ်။ တစ်နှစ်ပတ်လုံးခန့် ဈေးငြိမ်နေခဲ့တဲ့ ဆင်တောင်နနွင်းကတော့ ဒီတစ်ပတ်မှာ ဈေး လှုပ်လာပြီး၊ တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ တစ်ပတ် အတွင်း နနွင်းပိဿာချိန် ၁ ဒသမ ၄ သိန်း အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ တစ်ပိဿာ ပေါက်ဈေးက အနိမ့်ဆုံး ၆၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၀၀ ကျပ်ထိ ရှိ တယ်လို့ သိရပါတယ်။