Main menu

Background

မူဆယ် ၁၀၅ မိုင် စခန်းမှ ပရဆေးအမယ်ပေါင်း (၁၈) မျိုးတင်ပို့

Wed, 05/21/2014 - 04:13 -- ydnar

 
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် နယ်စပ် ကုန် သွယ်ရေး စခန်းများမှ မေလ ၃ ရက်မှ ၉ ရက်ထိ ကာလ အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၀၇၄ သန်း တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၁၆၅၅တန်ကျော် တင်ပို့ခဲ့ပါတယ်။

ယခင်အပတ် ကထက် ၃၂၅ တန်ကျော်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ လျော့ နည်းရခြင်းမှာ မူဆယ် ၁၀၅ မိုင်မှ ဝဥခြောက်၊ စကားပန်းပွင့် ခြောက်၊ ဆီးဆံ၊ နေလဲစေ့၊ ချဉ်ပေါင်ဖာလာ (အခွံမပါ) (အခွံ ပါ)၊ မာလာ ဥခေါင်းနဲ့မာလာဥများကိုယခင်အပတ်ကထက် တင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ကြက်ဆူစေ့၊ မိကျောင်း ကွမ်းဖတ်စေ့၊ဒရင်ကောက်မြစ်၊ကွမ်းသီးခွံ၊ နနွင်းတက်၊ကွမ်းစားဂမုန်း၊ တောဂျူးမြစ်၊ တောင်လုံးကျော်တို့တော့ ယခင်အပတ်က ထက် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က တင်ပို့မှုမရှိတဲ့ ဖန်ခါးသီးခြောက်နဲ့ နနွင်းခေါင်းများကိုလည်း  ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်၁၀၅ မိုင်မှ ယခုအပတ်မှာပရဆေးအမယ်ပေါင်း (၁၈) မျိုးတင်ပို့ခဲ့ပါတယ်။ တာချီလိတ်စခန်းမှ ယခုအပါတ်အတွင်း ကန်ဒေါ်လာသုညဒသမ ၀၂၅ သန်းတန်ဖိုးရှိအုံတုံခေါက်၇၂ တန်ခန့် တစ်မျိုးတည်း သာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါ တယ်။