Main menu

Background

ပြည်ပဈေးကွက် မျှော်လင့်ချက်ကြောင့် တောင်သူလက်ဝယ်ရှိနေတဲ့ ပခုက္ကူကြက်သွန်နီဈေးကွက်

Wed, 05/21/2014 - 04:22 -- ydnar

 
ဒီဇင်ဘာလ ရေစစ်တဲ့အချိန် ချောင်းမြောင်းတွေရေခမ်း လို့ ပေါ်ပေါက်လာခဲ့တဲ့ သဲသောင်တွေမှာ စိုက်ပျိုးထုတ်လုပ် ကြတဲ့ဆောင်းစိုက်ကြက်သွန်နီတွေဟာ မတ်လကုန်၊ ဧပြီ လမှာလှိုင်လှိုင်ထွက်ပေါ်ကြပါတယ်။ပခုက္ကူခရိုင်ထဲက ပေါက် မြို့နယ် နဲ့ ဆိပ်ဖြူမြို့နယ်တွေဟာ ယောချောင်း၊ ကျောချောင်း တစ်လျှောက် ဒီဇင်ဘာကုန်မှာ ပေါ်လာတဲ့ သဲသောင်တွေမှာ သစ်ပင်တွေကို အဓိကထားစိုက်ပျိုးကြတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။

၃ လတာ ကာလအကြာစိုက်ရတဲ့ အသီးအနှံ ဆိုတော့ လှိုင်လှိုင်ထွက်သလိုဈေးကွက်ကိုဖြိုင်ဖြိုင်ဝင်လာနေကြပြီဖြစ်ပါတယ်။တောင်သူများရဲ့သဘာဝအသီး အနှံပေါ်ရင် ပေးစရာ ရှိတဲ့ အကြွေးရယ်၊လက်ငင်းလိုအပ်ချက် ကို ဖြည့်ဆည်းဖို့ဆိုတာတွေရယ်ကြောင့် ထွက်တဲ့ အသီး အနှံ ငွေဖော် ဖို့ ဈေးကွက် ကိုလှိုင်လှိုင်ဝင်ရတာဟာ ဖြစ်မြဲဓမ္မတာ မျိုးပါ။ ပခုက္ကူကြက်သွန်ကုန်စည်ဒိုင်မှာ ခုတလောအရောင်း အဝယ်ဖြစ်နေတဲ့ ဈေးတွေ အနေနဲ့ ကြက်သွန်နီတစ်ပိဿာ ထိပ်စ ၃၇၀ ကျပ်-၃၇၅ ကျပ်-၃၈၀ ကျပ်-၃၈၅ ကျပ်၊ အလတ်စ တစ်ပိဿာ ၃၃၀ ကျပ်-၃၅၀ ကျပ်-၃၇၀ ကျပ်၊ အောက်စ တစ်ပိဿာ ၂၀၀ ကျပ်ဈေးများနဲ့ အရောင်း အဝယ်ဖြစ်နေပါတယ်။ လက်လီဈေးများအနေနဲ့ ပခုက္ကူဈေး တစ်ပတ်လည်မှာ အမျိုးအစားကိုလိုက်လို့ တစ်ပိဿာ ၆၀၀ ကျပ်-၅၀၀ ကျပ်- ၄၅၀ ကျပ်- ၄၀၀ ကျပ်- ၃၅၀ ကျပ်ဈေးများ အရောင်းအဝယ်ဖြစ်နေတာကို လေ့လာတွေ့ရှိရပါတယ်။ နယ်အဝင်တွေအနေနဲ့ မတ်လနောက်ဆုံး အပတ် ဧပြီလမှ မေလ ၁၅ ရက်အထိ ပေါက်နယ်မှ ပခုက္ကူသို့ ပိဿာချိန် ၁၁ သိန်းကျော်အဝင်ရှိနေတာကို တွေ့ရပါတယ်။ ခါတိုင်း နှစ်များနဲ့ ယှဉ်ရင် အဝင်နည်းနေတာကိုလည်း ထူးထူးခြားခြား တွေ့ရပါတယ်။ ဆိပ်ဖြူမြို့နယ်မှာ ဆိပ်ဖြူကုန်စည်ဒိုင်နှင့်LNGO အဖွဲ့အစည်းဖြစ် တဲ့ MBCA တို့ပူးပေါင်းပြီး ကြက် သွန်စိုက်ပြိုင်ပွဲတစ်ခု ကျင်းပပြုလုပ်ပေးခဲ့ရာ ဆောင်းစိုက်တစ် ဧကကို ၈၀၀၀ ပိဿာကျော်ထွက် သည်အထိရှိခဲ့တာဆိုတော့ဒီနှစ်အဖို့ကြက်သွန်နီဟာခါတိုင်းလိုပဲ ထွက်ရှိမယ်လို့ သုံး သပ်ခန့်မှန်းရပါ တယ်။ ပြုစုထားရှိသူ များ မှတ်တမ်းတွေ အရ ပေါက်မြို့နယ်တစ်ခုတည်းတင်ကို တစ်နှစ်တစ်နှစ် ပိဿာချိန် သိန်း ၁၀၀ ကျော်ထွက်ရှိခဲ့ တာပဲ ဖြစ်ပါ တယ်။ဒီနှစ်လည်းပခုက္ကူ ဦးမေဃကျောင်းဝန်းထဲမှာလာရောက်ရောင်းချကြတဲ့ တောင်သူတွေကို စုံစမ်းကြည့်ရာမှာ ခါတိုင်းနှစ် ထက် အထွက် လျော့စရာ အကြောင်းမရှိဘူးလို့ ဝမ်းမြောက်ဝမ်းသာ ပြော ကြားကြပါတယ်။ ခါတိုင်းနှစ်ထက် ဈေးကွက်ထဲ အဝင်နည်း ရခြင်းကို စုံစမ်းကြည့်တော့ ဝါရင့်ကြက်သွန်ပွဲစားကြီးတစ်ဦးက ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားအဆွဲရှိလို့ ကြက်သွန်စိုက် တဲ့ တောင်သူ တွေ တော်တော်အကျိုးဖြစ်ထွန်းခဲ့တယ်။ ဒီနှစ်အဖို့ တောင်သူ က ဖြစ်ပေါ်နေတဲ့ ဈေးကို စောင့်ကြည့်ပြီး သူတို့ အခက်အခဲရှိရင်လည်း ရှိတဲ့အခက်အခဲကိုဖြေရှင်းဖို့လေးပဲ ထုတ်ရောင်းပြီး တောင်သူလက်ဝယ်ကိုင်ထားကြမယ်လို့ ထင်မြင် ယူဆရ ကြောင်းလည်း ပြောပြပါတယ်။ စိုက်ပျိုး ထုတ်လုပ်ကြတဲ့ တောင်သူများကိုယ်တိုင်ဈေးကွက်ရဲ့ လိုအပ်ချက်တောင်း ဆိုမှုဆိုတာကိုသဘောပေါက်နားလည်နေတဲ့ အနေအထားလို့ဆိုရမှာဖြစ်ပြီး ဒီနှစ်အဖို့လည်း ယခင်နှစ်နည်းတူ စိုက်ပျိုး ထုတ် လုပ်တဲ့ တောင်သူများအတွက် ကြက်သွန်နီဟာ အကျိုးပြု သီးနှံ ဖြစ်ပါတယ်လို့ ဆန္ဒပြုလျက်----။