Main menu

Background

Myanmar Trade Centre ဖွင့်လှစ်မည်

Wed, 05/21/2014 - 04:38 -- ydnar

 
ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန သည် ရန်ကုန်တိုင်းဒေသကြီးရုံးတွင်Myanmar Trade Centre(MTC) မြန်မာ့ကုန်သွယ်မှု ဗဟိုဌာနကို ၂၀၁၄ခုနှစ် မေလတွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။

အဆိုပါစင်တာကို နိုင်ငံတ ကာမှ စီးပွားရေး လုပ်ငန်းရှင်များနှင့်ပြည်တွင်းမှလုပ်ငန်းရှင်များချိတ်ဆက် ၍ သတင်းအချက်အလက် ဖြန့်ဝေပေး ရန်နှင့် ကုန်သွယ်မှုမြှင့်တင်နိုင် ရန်ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပါသည်။MTC၏လုပ်ငန်းစဉ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်- (၁) မေးမြန်းစုံစမ်းမှုများအား ဖြေကြားခြင်း (Inquiry Reply)
 
(၂) အမြဲတမ်းပို့ကုန် ပြခန်းထား ရှိခြင်း (Permanent Sho-wroom)
(၃)စာကြည့်တိုက်နှင့် အရင်း အမြစ်ဌာန (Library & Resource Center)
(၄) ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်မှုများ ကို အကြံပေးခြင်း(Trade Consultation Service)
(၅) ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ များ၊ စီးပွားရေးချိတ်ဆက်ပွဲ များကျင်းပခြင်း(Trade Awareness Seminar, Workshop & Business Matching)
(၆) ဈေးကွက်သတင်းအချက် အလက်ဝန်ဆောင်မှု (Market Information Service)
(၇) ကုန်သွယ်မှုမြှင့်တင်ရေး ဝန် ဆောင်မှုပေးခြင်း (Trade Promotion Service)
(၈) သင်တန်းပေးခြင်း(Training Service) အမြဲတမ်းပို့ကုန်ပြခန်းတွင်ပြည်နယ်နှင့်တိုင်းအလိုက်ထွက်ကုန်များ၊ ပြည်ပသို့ တင်ပို့လျက် ရှိ ပါသည်။
ပြည်တွင်းထွက်ကုန်ပစ္စည်းနှင့်အလားအလာရှိသည့်ထုတ်ကုန်များကဏ္ဍကိုလည်းပြသသွားမှာဖြစ်ပါသည်။ထို့ကြောင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအနေနှင့် မိမိတို့ထုတ် ကုန်ပစ္စည်းများအား ပြသလိုပါက အမှတ်၊ ၂၂၈-၂၄၀ ကမ်းနားလမ်း၊ ရန် ကုန်မြို့၊ ဖုန်း-၂၅၁၈၂၄၊Fax- - ၂၅၄၀၂၃ Email - itpic.moc@gmail.con သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါသည်။