Main menu

Background

တာဂျစ်ကစ္စတန်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား

Fri, 05/23/2014 - 08:50 -- ydnar

 
တာဂျစ်ကစ္စတန်အရှေ့တောင်ပိုင်းဒေသများ တွင်မေလ၁၂ရက်နေ့ကမိုးသက်မုန်တိုင်းကျရောက်ခဲ့ရာမိုးသည်းထန်စွာရွာ သွန်း မှုကြောင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်းဆင်ဟွာသတင်းဌာနကထုတ်ပြန်ကြေညာခဲ့သည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပျက်စီးခဲ့ရပြီးနေအိမ်များ၊ကားများကိုရွှံ့နွံများဖုံးအုပ်ခဲ့ကြောင်းအဆိုပါသတင်းတွင်ဖော်ပြထားသည်။

ယင်းဖြစ်ရပ်ကြောင့် ကာဂျစ်ကစ္စတန်အရှေ့တောင်ပိုင်းဒေသများဖြစ်သည့်ယာဗန်ခရိုင်တွင်အရေးပေါ်အခြေအနေကြေညာထားရပြီးကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းအရေးပေါ်ကယ်ဆယ်ရေးကော်မတီကထုတ်ပြန်ကြေ ညာခဲ့သည်။ယာဗန်ခရိုင်တွင်ရေလွှမ်းမိုးမှုကြောင့်နေအိမ်ပေါင်း၄၀၀ကျော်ရေလွှမ်းမိုးမှုခံခဲ့ရပြီး စိုက်ပျိုးမြေဧက ဟက်တာပေါင်း ၃၀၀ကျော်ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟုဒေသဆိုင်ရာအာဏာပိုင်တို့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဧကဟက်တာပေါင်း ၃၀၀ကျော်တွင် လယ်ယာမြေများနှင့်ဥယျာဉ်ခြံမြေများလည်းပါဝင်ကြောင်းသတင်းတွင် ဖော်ပြထား သည်။ယင်းကဲ့သို့မိုးသက် မုန်တိုင်းကျရောက်မှုသည် လာမည့်ရက်အနည်းငယ်အတွင်း ထပ်မံဖြစ်ပွားနိုင် ကြောင်း၊သို့ဖြစ်ရာ ယခုကဲ့သို့သောဖြစ် ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက်ကြိုတင်ကာကွယ်မှုများကိုပြုလုပ်ထားကြရန်လိုကြောင်းဖြင့် ယာဗန်ခရိုင် မှတာဝန် ရှိသူများ ကပြောကြားသည်။မိုးသက်မုန်တိုင်းကျရောက်မှုကြောင့်သေဆုံးမှုနှင့်ဒဏ်ရာရရှိသူများစာရင်းကိုမှုမသိရှိရသေးကြောင်းဖြင့်ဒေ သဆိုင်ရာအာဏာပိုင်တို့ကပြောကြားသည်။အဆိုပါမုန်တိုင်းဒဏ်ခံစားရသည့်ဒေသများသို့ကယ်ဆယ်ရေးသမားများ နှင့်အထူး တပ်ဖွဲ့တို့သွားရောက်၍ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိကြောင်းအိန္ဒိယတိုင်းမ်သတင်းဌာနက ဖော်ပြသည်။