Main menu

Background

ကိုရီးယားနိုင်ငံက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ သုံးပုံတစ်ပုံနီးပါးကို ဖျက်သိမ်းပေး

Fri, 05/23/2014 - 09:15 -- ydnar

 
တောင်ကိုရီးယားနိုင်ငံက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစိုးရရဲ့စည်းမျဉ်းဥပဒေသုံးပုံတစ်ပုံနီးပါးကို ဖျက်သိမ်းပေး ပြီး ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေမဲ့ ကန့်သတ်ချက် တွေကိုလျှော့ချပေးခဲ့ကြောင်း အစိုးရက မေ ၁၂ ရက်ကပြောကြား ချက်ကို ယွန်းဟပ်သတင်းမှာ ဖော်ပြထားပါ တယ်။

ကုန်သွယ်မှု သို့မဟုတ်ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းတွေမှာ ကျင့်သုံးနေတဲ့ နည်း ဥပဒေ ၆၂ ခုအနက် ၁၉ ခုသို့မဟုတ် ၃၀ ဒသမ ၆ ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီမှာ သက်တမ်းကုန်ဆုံး မဲ့ ပတ်ဂွင်ဟေးအစိုးရရဲ့သက်တမ်းငါးနှစ်မကုန်မီလုံး၀ ဖျက်သိမ်းပေးမှာဖြစ်ကြောင်း ကုန်သွယ်ရေး၊စက်မှုနဲ့ စွမ်းအင်ဝန်ကြီး ဌာန က ပြောပါတယ်။ယခုဆုံးဖြတ်ချက်မှာ မေ ၁၁ ရက်မှာကုန်သွယ်ရေးဒုတိယဝန်ကြီးကင်ဂျေးဟောင်သဘာပတိအဖြစ် ဆောင် ရွက်တဲ့ပြည်သူ့ကြားနာစစ်ဆေးမှုအပြီးချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ''ကြားနာစစ်ဆေးမှုအရ ခေတ်နဲ့ မလျော်ညီတော့ တဲ့၊မလိုအပ်တော့တဲ့သို့မဟုတ်အပိုဖြစ်နေတဲ့စည်းမျဉ်းစည်းကမ်းတွေကိုဖျက်သိမ်းလို့ပြည်သူ့လုံခြုံရေးကိုသို့မဟုတ် ပြည်သူ့ကျန်းမာ ရေးကို ထိခိုက်မှုမရှိဘူးဆိုရင် ဖျက်သိမ်းပေးခဲ့တယ်လို့ဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ဖယ်ရှားပေးမဲ့ စည်းမျဉ်းဥပဒေတွေထဲမှာရင်းနှီးမြှုပ်နှံသူတွေက သူတို့ ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ သဘောသဘာဝကိုအပြောင်းအလဲတစ်ခုခု လုပ်တဲ့အခါတိုင်းဆိုရင်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကအစီရင်ခံစာတင်ပြရမယ်ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။အဆိုပြု ထား တဲ့ပြောင်းလဲမှုတွေကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ထုံး လုပ်နည်းငါးခုကို သုံးခုအထိလျှော့ချခဲ့ကြောင်း၊ ဒါပေမဲ့ပြုပြ င်ပြောင်းလဲမှုတွေကိုချက်ချင်းလက်ငင်းတွေ့မြင်ရဦးမှာမဟုတ်ကြောင်းကင်ကပြောပါတယ်။''ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရင်းနှီး   မြှုပ်နှံမှု ကဏ္ဍမှာရှိတဲ့ စည်းမျဉ်းဥပဒေ တွေက အများအားဖြင့် နိုင်ငံတကာစံ နှုန်းတွေနဲ့ ကိုက်ညီပါတယ်။ ကျွန်တော် တို့ကခေတ်နဲ့ မလျော်ညီတဲ့ သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအပေါ် ဝန် ထုပ်ဝန်ပိုးဖြစ်စေ မဲ့ နည်းဥပဒေတွေကို ရှာဖွေဖော်ထုတ်နေတာပါ''လို့ ဒုတိယ ဝန်ကြီးကသတင်းထောက်တွေကို ပြော ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေေ လျှာ့ချရးကိုဆွေးနွေးဖို့အတွက် ဇွန်လလယ် ထိရက်သတ္တပတ် အလိုက် ဆွေးနွေးပွဲ တွေကျင်းပဖို့ ဝန်ကြီးဌာနက စီစဉ်ထား ပါတယ်။