Main menu

Background

ဒုတိယသမ္မတဦးဉာဏ်ထွန်း ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် အရှေ့အာရှကမ္ဘာ့စီးပွားရေး ဖိုရမ်သို့တက်ရောက် မိန့်ခွန်းပြောကြား

Mon, 05/26/2014 - 04:19 -- ydnar

အရှေ့အာရှဒေသကမ္ဘာ့စီးပွားရေး ဖိုရမ် အစီအစဉ်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂၀၁၄ ခုနှစ် မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသည်။ယခုတစ်ကြိမ် ကျင်းပသည့်ဖိုရမ်၏ ဦးတည်ချက်မှာမျှမျှတတတိုးတက်ဖို့ တိုးတက်နှုန်း ကို မြှင့်တင် စို့ (Leveraging Growth for Equitable Progress) ဖြစ်သည်။
 

အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံမှ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ဘဏ္ဍာရေးဝန်ကြီး ဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်နှင့် ဌာနဆိုင် ရာ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံမှ အောင်မြင်ကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ လူငယ်စီးပွားရေး လုပ်ငန်းရှင်များစုစုပေါင်း(၄၀)ကျော် ခန့် တက်ရောက်ကြသည်။ မေလ ၂၂ ရက်နေ့လည် ၁၂ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မကာသီရှန်ဂရီလာဟိုတယ်တွင်မြန်မာ့ပြုပြင် ပြောင်းလဲရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပ ၍ နေ့လည် စာဖြင့် ကျွေမွေးဧည့်ခံ ခဲ့သည် ။ ဆွေးနွေး ပွဲသို့နိုင်ငံတော်ဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက်၍ မြန်မာနိုင်ငံ၏ အစိုးရ သစ်လက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ များကိုအကျယ်တဝင့်ရှင်းလင်းပြောကြား ခဲ့ သည်။ထို့နောက် တက်ရောက်လာ သော နိုင်ငံတကာ လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများကပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်။ဆွေးနွေးပွဲသို့နိုင်ငံတော်ဒုတိယသမ္မတဦးဉာဏ်ထွန်းနှ င့်အတူ၊ပြည်ထောင်စုဝန်ကြီးများ၊အဆင့်မြင့်အရာရှိကြီးများ၊မြန်မာနိုင်ငံမှလုပ်ငန်းရှင်ကြီးများ၊နိုင်ငံတကာမှစီးပွားရေးလုပ်ငန်းရှင် များ တက် ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားစွာဆွေးနွေး မေးမြန်းခဲ့ကြကြောင်းသိရှိရသည် မေလ ၂၂ ရက် ညနေ ၃ နာရီတွင် အဆိုပါ ဟိုတယ်၌ပင် အရှေ့အာရှ ဒေသ ကမ္ဘာ့စီးပွားရေး ဖိုရမ် တရားဝင် ဖွင့်လှစ်ပွဲ အခမ်းအနား ကိုကျင်းပ ရာ ဖိလစ်ပိုင် သမ္မတဘင်နီနိုဆိုင်မွန် အကွီနို၊ အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘန်းဘန် ယိုဒိုယိုနို၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် ငုရင်တန်ဒမ်နှင့် မြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဉာဏ်ထွန်းတို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြ သည်။ အဆိုပါအခမ်းအနားသို့မြန်မာနိုင်ငံမှပြည်ထောင်စုဝန်ကြီးများ၊အရာရှိကြီးများ၊လုပ်ငန်းရှင်များတက်ရောက်ခဲ့ပြီး၊နိုင်ငံ တကာမှ တက်ရောက်သူများအပါအဝင်စုစုပေါင်း၃၀၀ကျော်ခန့်တက် ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။