အရှေ့အာရှဒေသ ကမ္ဘာ့စီးပွား ရေး ဖိုရမ် အစီအစဉ်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂၀၁၄ ခုနှစ် မေလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိကျင်းပ သည်။ အဆိုပါ ဖိုရမ်သို့ မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့်အဆင့်မြင့်အရာရှိကြီးများ၊မြန်မာနိုင်ငံမှအောင်မြင်ကျော် ကြားေ သာ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊
လူငယ်စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း ၄၀ ကျော်ခန့် တက်ရောက် ကြသည်။ မေလ ၂၁ ရက် နံနက် ၉ နာရီတွငGrow Asia Agriculture Forum ဖွင့်ပွဲ အခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မကာ သီရှန်ဂရီလာ ဟိုတယ်တွင်ကျင်းပရာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်တို့ တက်ရောက် ခဲ့သည်။ ဆက်လက်၍ နံနက် ၁၀၃၀ နာရီတွင်အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ် ကို ဆက်လက် ကျင်းပ ရာ မြန်မာနိုင် ငံမှ နိုင်ငံတော် သမ္မတ၏ လူမှုစီးပွား အကြံ ပေး ကောင်စီ ဥက္ကဌ ဦးတင်ထွဋ်ဦးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ စိုက်ပျိုးရေး စီမံကိန်း ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးလှကျော်တို့ကမြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများနှင့် ဒေသအတွင်း ပူးပေါင်း ဆောင်ရွက်နိုင် မည့် အစီအစဉ် တစ်ရပ် ပေါ်ပေါက် လာရေးဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများနှင့်အတူပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့်ဦးဌေးအောင်တို့ကလည်းပါဝင်ဖြည့်စွက်ဆွေးနွေး ခဲ့ကြ သည်။
ယင်းနေ့ နေ့လည် ၃း၁၅ နာရီတွင် Enabling Trade: The Gateway to Free Trade အလုပ်ရုံဆွေးနွေးပွဲကို မနီလာမြို့ ဒူးဆစ်ဌာနီ ဟိုတယ်၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်တို့ တက်ရောက် ပါဝင်ဆွေးနွေး ခဲ့သည်။ မေလ၂၂ ရက် နံနက် ရး ၁၅ နာရီ တွင် AEC: Barriers to ASEAN Integration ဆွေးနွေးပွဲ အခမ်း အနား ကို မကာသီရှန်ဂရီလာဟိုတယ်တွင် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်တို့ တက်ရောက် ပါဝင်ဆွေးနွေး ခဲ့သည်။ ဆက်လက်၍ နေ့လည် ၁၂း၀၀ နာရီတွင် ကျင်းပသော မြန်မာ့ပြုပြင် ပြောင်းလဲရေးဆွေးနွေးပွဲသို့တက်ရောက် ၍ တက်ရောက်လာသော နိုင်ငံတကာလုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရ သည်။ ညနေ ၃ နာရီတွင် အဆိုပါ ဟိုတယ်၌ပင် ကျင်းပသော အရှေ့အာရှ ဒေသ ကမ္ဘာ့ စီးပွားရေး ဖိုရမ် တရားဝင် ဖွင့်လှစ်ပွဲ အခမ်းအနားသို့လည်း တက် ရောက်ခဲ့ပါသည်။ မေလ၂၃ ရက် နံနက် ရး ၃၀ နာရီ တွင် ASEAN Japan Roundtableကို မကာသီရှန်ဂရီလာဟိုတယ်တွင်Circleဂျပန်စားသောက်ဆိုင်တွင်ကျင်းပရာစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် နှင့် ဟိုတယ်နှင့်ခရီးသွား လာ ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်တို့ တက်ရောက် ပါဝင် ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ဖိလစ်ပိုင် နိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးHonGregory L. Domingo ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံမှ အာဆီယံဒေသအတွင်း ရင်းနှီး မြှုပ်နှံ မှုပြုနေသောဂျပန်ကုမ္ပဏီကြီးများမှအကြီးအကဲများတက်ရောက်ခဲ့ကြပြီး၊အာဆီယံဒေသအတွက်ဆက်လက်ရင်းနှီးမြှုပ်နှံရေး အတွက်ဆောင်ရွက်သင့်သည့်နည်းဗျူဟာများကိုဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြရာမြန်မာနိုင်ငံသည်ဒေသအတွင်းဖွံ့ဖြိုးတိုး တက်မှု အရှိန်ကိုမြှင့်တင်ပေးမည့် အခွင့်အလမ်း တစ်ရပ်အဖြစ် အသိ အမှတ်ပြု ဆွေးနွေးကြ သည် ကို တွေ့ ရှိရ ပါ သည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် Dupont Company (Singapore) Pte Ltd, အမြန် ချောပို့လုပ်ငန်း တိုးချဲ့လိုသောDHL Express (Singapore) Pte Ltd, ဆေးဝါးလုပ်ငန်း လုပ်ကိုင်သော Novartis International AG , SICPA company,အာမခံလုပ်ငန်း လုပ်ကိုင်သောPrudential plc Company, ဘဏ်လုပ်ငန်းချိတ်ဆက်မှုနည်းပညာဖြန့်ဖြူးပေးသောVISA Company တို့မှ တာဝန်ရှိသူများနှ င့် တွေ့ ဆုံ၍ မြန်မာနိုင်ငံ တွင် လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက် များကိုမေးမြန်းကာ ပူးပေါင်းဆောင်ရွက် မည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။