Main menu

Background

EIF လုပ်ငန်းစဉ်အတွက် အမျိုးသားအဆင့်လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee – NSC) ဖွဲ့စည်းခြင်းနှင့် EIF လုပ်ငန်းစဉ် နှင့်ပတ်သက်သော ဆွေးနွေးပွဲ(Seminar) ကျင်းပခြင်း

Mon, 05/26/2014 - 07:03 -- ydnar

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ(WTO)၏ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေး အကူအညီဖြစ်သော EIF လုပ်ငန်းစဉ်အတွက် အမျိုးသားအဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ(National Steering Committee- NSC) ဖွဲ့စည်းခြင်းနှင့်EIFလုပ်ငန်းစဉ်တွင်ရှေ့ဆက်လက်ဆောင်ရွက်ရန်အချက်များနှင့် ပတ်သက်သောဆွေးနွေးပွဲ(Seminar)ဖွင့်ပွဲအခမ်းအနားကို၂၀၁၄ခုနှစ်မေလ၂၀ရက်နေ့နံနက်(၉)နာရီ တွင် နေပြည်တော် ရှိ ဟိုတယ်ရွှေပြည်တော်တွင် ကျင်းပရာ

အခမ်းအနားသို့ အမျိုးသားအဆင့် လမ်းညွှန်ကြီးကြပ်မှု ကော်မတီ  (National Steering Committee- NSC)ဥက္ကဋ္ဌဖြစ်သူပြည်ထောင်စုဝန်ကြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ကိုယ်စား အတွင်းရေးမှူးဖြစ်သူစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
 
ဖွင့်ပွဲအခမ်းအနား၌ ဒုတိယဝန်ကြီးမှအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရသစ်လက် ထက် နိုင်ငံရေး၊စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ် အားပေးထောက်ခံသည့် အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းများ မှလည်း ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ များကို သိသိသာသာ တိုးမြှင့်ပေးလာ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊  အဆိုပါ အကူအညီများအနက် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့(WTO) ၏ ကုန် သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ တစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF)  အစီအ စဉ်သည်လည်း အရေးပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံသည်EIFအစီအစဉ်အရအကျိုး ခံစားခွင့်ရှိသော နိုင်ငံတစ်ခု အနေ ဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှစတင်၍ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့(WTO) မှ အသိ အမှတ်ပြုခဲ့ပြီး EIFအစီအစဉ် အရ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နိုင်ရေးပြင်ဆင်ခဲ့ရာ ပထမအဆင့်ဖြစ်သော ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက် စပ် လေ့လာမှုအကြိုအဆင့်  (Pre Diagnostic Trade Integrated Study –Pre-DTIS Phase) အဆင့်ကိုစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်း အဆင့်တွင် ဆောင်ရွက်သွားရ မည့် EIFလုပ်ငန်းစဉ်အတွက် အမျိုး သားအဆင့် လမ်းညွှန်ကြီးကြပ်မှု ကော် မတီ (National Steering Committee- NSC) ဖွဲ့စည်းခြင်းကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခမ်းအနား တွင် ဖွဲ့စည်းမှု အား တစ်ပါတည်းအသိ ပေးတင်ပြခြင်းဖြစ်ပါကြောင်း EIF လုပ်ငန်းစဉ်သည် ရေရှည်လုပ်ငန်းစဉ် ဖြစ် သဖြင့် အစိုးရဌာနများ၊ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့အစည်းများ၏ညှိနှိုင်းပေါင်းစပ်အင်အား ဖြင့်သာ အောင်မြင်ေ အာင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု ဦးစားပေး ကဏ္ဍ များအနက်အရေးပါသည့် ကုန်သွယ်မှု ကဏ္ဍတွင်ပူးပေါင်း ပါဝင် ဆောင်ရွက် ရန် ကတိကဝတ်များနှင့်အတူ အရေး ကြီးသော အထောက်အပံ့ အကူအညီဆိုင်ရာကတိကဝတ်များကိုလည်းတိုးတက်ရရှိအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် များ၊ အစိုးရနှင့် ပြည် တွင်းပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ လက် ရှိ ပူးပေါင်းမှုများကို အရှိန်အဟုန် မြှင့် တင်ပြီးမိမိတို့ကုန်သွယ်မှုကဏ္ဍအတွက်အကျိုးရလဒ်ကိုဖြစ်ထွန်းစေမည့်ထိရောက်သည့်အကူအညီများဖြစ်ပေါ်လာစေ ရေး ကို ဦးတည်ချက်ထားရှိကာ ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့၏ ရည်မှန်းချက်များ ကိုအောင်မြင်အောင် ဆောင် ရွက်သွားနိုင်မည်ဖြစ် ကြောင်း ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသားအဆင့် လမ်းညွှန်ကြီးကြပ်မှု ကော်မတီ (National Steering Committee- NSC)တွင်အဖွဲ့ဝင်အဖြစ်ပါဝင်သောကုန်သွယ်မှုနှင့် ဆက်စပ်နေသောဝန်ကြီးဌာနများမှဒုတိယဝန်ကြီးများလည်း တက်ေ က် ကြပါသည်။ ထို့အပြင် ပြည်ထောင်စု မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင် များအသင်းချုပ်(UMFCCI) ?၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဗဟိုအလုပ်မှုဆောင်အဆင့်ကိုယ်စားလှယ် များ၊ အစိုးရဌာနအဖွဲ့အစည်း (၄၁) ခုမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များတက်ရောက် ကြပါသည်။ အခမ်းအနားသို့ဖွံ့ဖြိုးမှုမိတ်ဘက် များဖြစ်သော မြန်မာနိုင်ငံ၏  EIF လုပ် ငန်းစဉ်တွင် Donor Facilitator အဖြစ် တာဝန်ယူလျက်ရှိသည် ဥရောပ သမဂ္ဂအဖွဲDonor Facilitator၊ မြန်မာနိုင်ငံ၏ EIFလုပ်ငန်းစဉ်အောက်ရှိDTISအဆင့် အားအဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကမ္ဘာ့ဘဏ်(World Bank)တို့နှင့်အတူUN Aids,JICA ,Japan.US Aids,KOICA,ADB,IMF,GIZ,IFC,WFP,ILO နှင့်  Switzerland နိုင်ငံတို့ မှ ကိုယ်စားလှယ်များလည်း တက် ရောက် ကြခဲ့ပါသည်။ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီတစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF)လုပ်ငန်းစဉ်ကို ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများဖြစ်သညLDCs နိုင်ငံ အားလုံးအားပေးအပ်ခြင်းဖြစ်ပြီး ဖွံ့ဖြိုးမှု နောက် ကျသည့် နိင်ငံများ ဖြစ်သည့်LDCs နိုင်ငံများအနေဖြင့်LDCs နိုင်ငံ အဖြစ်မှGraduration မဖြစ်မချင်း ရရှိခံစားနိုင် သည့် ရေရှည်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။
ဖွံ့ဖြိုးမှု နောက်ကျသည့်နိုင်ငံများ ဖြစ်သည့်LDCs နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအ ညီတစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF)  လုပ်ငန်း စဉ်ပါ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကိုရယူကာ မိမိတို့နိုင်ငံ ၏ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ်များကို အကျိုးရှိရှိရယူဆောင် ရွက်လျက်ရှိပါသည်။ Enhanced Integrated Framework (EIF)လုပ်ငန်းစဉ်သည် နိုင်ငံ၏ ကုန်သွယ်မှု အား စဉ်ဆက်မပြတ်တိုးတက်ဖြစ်ထွန်း စေကာ ယင်းမှ တစ်ဆင့်နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ (Development Strategies)နှင့်နည်းဗျူဟာများ နှင့်အတူ လိုက်လျောညီထွေမှုရှိရှိ ပေါင်း စပ် ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု (Poverty Reduction)  ကိုလျော့ကျရန်နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု (Sustainable Development) ဆီသို့ လျှောက်လှမ်းနိုင်ရန် အတွက် မျှော်မှန်းချက် ထားရှိဆောင် ရွက်ကြောင်း ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့(WTO)  မှ ယင်းတို့၏ လုပ်ငန်းစဉ်တွင် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သည် မြန်မာနိုင်ငံအား EIF အစီအစဉ် အရ အကျိုးခံစားခွင့်ရှိသော နိုင်ငံတစ် နိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ တရားဝင်အသိအမှတ်ပြုပေး ခဲ့ပါသည်။ EIF  လုပ်ငန်းစဉ်အောက် တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင် ရာ ဘက်စုံဆက်စပ်လေ့လာမှု အကြို အဆင့် (Pre Diagnostic Trade Integrated Study –Pre-DTIS Phase)?၊ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဘက်စုံ ဆက်စပ်လေ့လာမှုအဆင့် (DTIS Phase)?၊ လုပ်ငန်း စီမံကိန်းများ အကောင်အထည်ဖော်ခြင်း အဆင့်-၁(Tier 1 Phase)နှင့် လုပ်ငန်းစီမံကိန်း များအကောင်အထည်ဖော်ခြင်း အဆင့် -၂  (Tier 2 Phase) စသော အဆင့်(၄) ဆင့် ပါဝင်ကြောင်း သိရှိရပါသည်။ အဆိုပါ အဆင့်(၄)ဆင့်အနက်မှ ပထမဆုံးအဆင့်ဖြစ်သော Pre-DTISအဆင့်ကိုစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှစတင် ဆောင် ရွက်လျက်ရှိပြီး ယင်းအဆင့် တွင်ပါရှိ သည့် အဓိကလုပ်ငန်းစီမံချက် တစ်ခု ဖြစ်သော အမျိုးသားအဆင့် လမ်းညွှန် ကြီးကြပ်မှုကော်မတီ (National Steering Committee- NSC) ဖွဲ့ စည်းခြင်းနှင့်EIFှုၤ လုပ်ငန်းစဉ်တွင် ရှေ့ဆက်ဆောင်ရွက်ရန်အချက်များ နှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးညှိနှိုင်း နိုင်ရန်အတွက် ယခုကဲ့သို့ အစိုးရဌာန များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင် အသင်းများမှ ကိုယ်စား လှယ်များအား ဖိတ်ခေါ်ကာေ ဆွးနွေးပွဲ (Seminar)ကျင်းပခြင်းနှင့် ဆက်စပ် အစည်းအဝေးများ ပြုလုပ်ခြင်းကို တစ် ပြိုင်နက် ကျင်းပပြုလု ပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ EIF လုပ်ငန်းစဉ်အတွက် အမျိုး သားအဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မ တီ(National Steering Committee- NSC) ဖွဲ့စည်းခြင်းနှင့် EIF လုပ် ငန်းစဉ်တွင် ရှေ့ဆက်လက်ဆောင်ရွက် ရန်အချက်များနှင့် ပတ်သက်ေ သာ ဆွေး နွေး ပွဲ(Seminar)ကို မေလ ၂၀ ရက် နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး မေ လ ၂၁ ရက်နေ့တွင် ကုန်သွယ်မှု ကဏ္ဍ ဆိုင်ရာလုပ်ငန်းအဖွဲ့ (Trade Sector Working Group – TSWG) နှင့် ပတ်သက်သော ပထမအကြိမ် အစည်း အဝေးကိုလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးမှ ဦးဆောင်ကာ သက်ဆိုင်ရာ အစိုးရဌာနများ၊ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အတူ ဆက်စပ်ကျင်းပခဲ့ကြောင်း သိရှိ ရပါသည်။ နေပြည်တော်တွင်မေလ ၂၀ ရက် နေ့၌ ကျင်းပသည့် ဆွေးနွေးပွဲ (Seminar) ဖွင့်ပွဲအခမ်းအနားသို့ စုစုပေါင်း အင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။