Main menu

Background

မုံရွာကုန်စည်ဒိုင် မေလ တတိယပတ်ပဲဈေးကွက် ထိုင်ဝမ်ကုလားပဲအဝယ်သွက်လာ

Tue, 05/27/2014 - 06:58 -- ydnar

မုံရွာကုန်စည်ဒိုင်မေလတတိယပတ် ပဲဈေးကွက်မှာပဲမျိုးစုံဝယ်လိုအားတက်ခဲ့သလိုအရောင်းအဝယ်လည်း အနည်းငယ်သွက် ခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် တစ်ရာသီလုံး Export  မရှိ လို့ မျက်နှာငယ်ခဲ့ရတဲ့ ကုလားပဲ အုပ်စု ထဲကထိုင်ဝမ်ကို ရန်ကုန်ဝယ်လက်က ဆွဲလာတဲ့အတွက်အနည်းငယ်လှုပ်လာ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကတစ် တင်း အနိမ့်ဆုံး ၁၃၅၀၀ ကျပ်ထိကျခဲ့တဲ့ ထိုင်ဝမ် ကုလားပဲဟာ ယခုပတ်မှာ ၁၄၇၀၀ ကျပ်ထိ ဈေးမာလာခဲ့ကာ ရန်ကုန်အဝယ်ကြောင့် တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြားအထိ အရောင်း အဝယ် သွက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ V2  နဲ့ 929 ကုလားပဲတွေက  တော့ ဒေသတွင်း ခွဲစက်နဲ့ ကြာဇံလိုင်း၊ ပဲကြော်လိုင်းအဝယ်သာရှိခဲ့ပြီးယခုတစ် ပတ် မှာV2 တစ်တင်း ၁၅၃၀၀ ကျပ်၊ 929  တစ်တင်း ၁၄၅၀၀ ကျပ်အသီးသီး ဈေးကောင်း ရခဲ့ပြီး တစ်ရက်အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ် နိုင်တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုတစ်ပတ် ငုံနီ ဈေးကွက်မှာ တော့ ဝယ်လက်ကလည်း ပေါက်ဈေး မကြိုက်သလို ရောင်းလက် ကလည်း တက် ဈေးမျှော်နေလို့ အရောင်းအဝယ် အေးခဲ့ကာ တစ်တင်း ၂၀၀၀၀ ကျပ်၊ ၂၀၁၀၀ ကျပ်မှ ၁၉၇၀၀ ကျပ် ဈေး အသီးသီး အတက်အကျဖြစ်ပေါ်ခဲ့ပါ တယ်။ အရောင်းအဝယ် အနေနဲ့ အဝေးလက်နဲ့ ဒေသကုန်သည် လက် ငင်း အဝယ်ရှိတဲ့ ရက်မှာအိတ် ၂၀၀ ၊ ၃၀၀ ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက် က သိရပါတယ်။ ပဲတီစိမ်းကြီး ဈေးကွက်အနေနဲ့ ယခုအချိန်ထိ ဒိုင်မှာဝင်လာသမျှ ပဲတွေ မိုးလွတ်လို့ အရည်အသွေး ကောင်း လျက်ရှိပြီး နယ်အဝင်ထက် ဝယ်လိုအား မြင့်မားနေတဲ့အတွက် ယခုအပတ်မှ တစ်တင်း ၃၉၅၀၀ ကျပ်ထိ အမြင့်ဆုံး ဈေးပေါက်ခဲ့ကာ တစ်ရက်အိတ် ၃၀၀ မှ ၅၀၀ ကြား နယ်အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်နေတယ်လို့ ကုန် စည်ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ပဲနီဈေးကွက်မှာတော့ စွန်တာနီ ရော ကသဲပဲပါ ဝယ်လက်ပျောက်သလို ဖြစ်နေပြီး ဒေသတွင်း ကြာဇံသမားနဲ့ ပဲကြော်ဖိုသမားတွေ လိုဝယ်သာရှိခဲ့လို့ ယခု တစ်ပတ်မှာ ဈေးအေးခဲ့ရာ စွန် တာနီ တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ ကသဲပဲ တစ်တင်း ၁၇၃၀၀ ကျပ် အသီးသီး ပေါက် ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဒိုင်မှာ ပဲလက်ကျန်နည်းတဲ့ မတ်ပဲဈေးကွက် မှာတော့ ယခုတစ်ပတ်အတွင်း တစ် တင်း ၂၄၃၀၀ ကျပ်မှ ၂၄၅၀၀ ကျပ် အတွင်း ဈေးငြိမ်နေပေမယ့် အရောင်း အဝယ်အားဖြင့် အိတ်ရာဂဏန်းမျှသာ ဖြစ်နေတယ်လို့ သိရပါတယ်။
 
အခြား ပဲမျိုးစုံဈေးကွက်မှာ ယခု ပတ်အတွင်း ပဲကြီးဈေး တစ်တင်း ၂၂၀၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်သို့ မြင့်တက်ခဲ့ပြီး ပဲပုပ်စေ့လည်း တစ်တင်း ၁၈၀၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်ထိ မြင့် တက်ခဲ့ပါတယ်။ ပဲယင်းကတော့ ဒေသ တွင်းလုပ်ငန်းသုံး ဝယ်လိုအားသာရှိလို့ တစ်တင်း ၁၈၀၀၀ ကျပ်မှာ ဈေးငြိမ်နေ ခဲ့ပြီး CP ပြောင်းဖူးစေ့ကတော့ တရုတ်ဝယ်လို အားကောင်း ပြီးနယ်ကပြောင်းအဝင်လျော့လာလို့ယခုပတ်မှာ တစ်တင်း ၇၁၀၀ ကျပ်ထိ ဈေးကောင်း ပေး ဝယ်ယူခဲ့ကြတယ်လို့ ဒိုင်ဈေး ကွက် က လေ့လာသိရှိရပါတယ်။