Main menu

Background

ပြည်ပဲမျိုးစုံဈေးကွက် မေလတတိယပတ်မှာ ပဲဈေးအားလုံးမြင့်တက်မှုမရှိဘဲ ဈေးလျော့ခဲ့သလို အချို့ပဲများကတော့ ဈေးငြိမ်လျက်ရှိ

Tue, 05/27/2014 - 07:08 -- ydnar

 
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံ ဈေးကွက်မှာ မေလ တတိယပတ်အတွင်း ပဲဈေးအားလုံး ဈေးတက်လာခြင်းမရှိ ဘဲ ဈေးများ ကျဆင်းသလို အချို့ ပဲများကတော့ ဈေးငြိမ်နေလျက်ရှိပါ တယ်။မတ်ပဲဈေးမှာ တစ်တင်း ၂၄၅၀၀ကျပ်ဖြင့်သာရန်ကုန် ဝယ်လက်ပုံမှန်အဝယ်ရှိသော်လည်းယခင်တစ်ပတ်ထက်ဈေးလျော့သွားခဲ့ပါတယ်

။ပဲအဝင်အနေနဲ့ပန်းတောင်း၊ကံမ၊ ပေါက် ခေါင်းမြို့နယ်များမှ တစ်ရက်အိတ် ၃၀၀ ကျော် နေ့စဉ်ဝင်ရောက်ပြီး ရန်ကုန် ဝယ်လက်မှလည်း နေ့စဉ်၀ ယ်ယူနေကြ ပါတယ်။ ပဲစင်းငုံ သီးနှံကတော့ ပဲအဝင်မရှိ တော့ဘဲ လက်ကျန်ပဲများသာ ဒေသ တွင်း လက်လီသမားအချို့ အဝယ်ရှိ သလို ရန်ကုန်ဝယ်လက်ကလည်း တစ် ခါတစ်ရံမှသာဝယ်ယူနေကြတာ ကြောင့် ပဲဈေးမှာ၁၉၅၀၀ ကျပ်နဲ့သာ ဈေးအေးအရောင်း အဝယ် အေး လျက်ရှိပါတယ်။ ပဲကြီးသီးနှံ ဈေးနှုန်းများလည်း တစ်ပတ်ထက်တစ်ပတ် ဈေးလျော့လာ ခဲ့ပြီး ယခုတစ်ပတ်မှာလည်း ပဲကြီး (ရွှေကျွန်း) မှာ ယခင်တစ်ပတ်ထက် ၅၀၀ ကျပ်ခန့် ဈေးလျော့သွားကာ တစ်တင်း ၂၅၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်သလို (ကမ်းနား) ပဲကတော့ တစ်တင်း ၂၂၅၀၀ ကျပ်နဲ့ ယခင်တစ် ပတ်ထက် သိသိသာသာဈေးလျော့ သွားခဲ့ပါတယ်။ ပဲဝင်ရောက်မှုကတော့ ပန်းတောင်းနဲ့အောင်လံဘက်မှ အိတ် ၃၀၀ ကျော်ဝင်ရောက်ပြီးလက်လီသမား ထက် ပဲကြော်ဖိုသမား ပိုအဝယ်ရှိလို့ နေ့စဉ် အဝင်ရှိသလောက်ကတော့ အရောင်းအဝယ်ဖြစ်နေခဲ့တာကို တွေ့ ရပါတယ်။ ကုလားပဲကတော့ ယခုနှစ်တစ်နှစ် လုံး ပဲဈေးငြိမ်လျက် အရောင်းအဝယ် ဖြစ်နေခဲ့ကာ ယခင်နှစ်ဈေးကိုတော့ မမှီခဲ့တာ ကိုတွေ့ရပါတယ်။ ယခင်နှစ် မေလ တတိယပတ်မှာ တစ်တင်း ၁၉၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ သော်လည်း ယခုနှစ် မှာတော့ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့သာ ဒေသတွင်း ခွဲစက်သမားများနဲ့ တစ်နေ့အိတ် ၂၀၀ ကျော် အရောင်း အဝယ် ဖြစ်နေ ခဲ့ကြ ပါတယ်။ ပဲဝင်ရောက်မှုကတော့ ပန်း တောင်းမြို့နယ်အပြင် လက်ပံတန်းမြို့ နယ်မှလည်း ဝင်ရောက်ခဲ့တယ်လို့ သိရ ပါတယ်။ ထောပတ်ပဲနဲ့ ပဲနီပြား ဈေးနှုန်း များမှာ ယခင်တစ်ပတ်အတိုင်းသာ ဈေးငြိမ်လျက်ရှိပြီး ထောပတ်ပဲ တစ် တင်း ၂၅၀၀၀ ကျပ်၊ ပဲနီပြား တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ဒေသတွင်း လက်လီ သမား များနဲ့သာ အရောင်းအဝယ်ဖြစ် လျက် ရှိသလို ပဲပုပ်သီးနှံမှာလည်း ပဲ အဝင် မရှိတော့ဘဲ လက်ကျန်ပဲများသာ လက်လီသမားများ ဝယ်ယူမှုရှိလို့ တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်နေခဲ့ကြောင်း သိရ ပါတယ်။