Main menu

Background

နေကြာဈေးကောင်းလို့ အင်းတော်တောင်သူတို့ အဆင်ပြေ

Tue, 05/27/2014 - 07:46 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ၂၀၁၃-၂၀၁၄ ခုနှစ်၊ ဆောင်းနေကြာ ၁၀၀၂၃ ဧက စိုက်ပျိုးခဲ့ပါတယ်။ ကွက်ကောက်တစ်ဧကအထွက် ပျမ်းမျှ ၂၆ တင်းနဲ့ တစ်မြို့နယ်လုံး နေကြာအထွက်တင်း ၂၆ သိန်းကျော် ရှိပါတယ်။
 

တစ်ဧက ကုန်ကျစရိတ်ကျပ်တစ်သိန်းရှိပြီး၊ယနေ့တစ်တင်းဈေး၇၅၀၀ကျပ်နဲ့တစ်ဧကကို၉၅၀၀၀ကျပ်အကျိုးအမြတ်ရှိလို့နေကြာစိုက်တောင် သူများ အဆင်ပြေကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က သိရပါတယ်။ အင်းတော်မြို့နယ် နေကြာအထွက်တင်း ၅၀ ရာခိုင်နှုန်းကို တရုတ်ဝယ်လက်များထံတင်ပို့ပြီး ကျန် ၅၀ ရာခိုင်နှုန်း ကို ပြည်တွင်းရောင်းချခြင်းနဲ့ ဒေသတွင်းစားသုံးပါတယ်။ မနှစ်က မြစ်ကြီးနား၊ မိုးညှင်း၊ ကောလင်း၊ ရွှေဘို၊ မန္တလေးမြို့ကြီးများ က အဆွဲကောင်းခဲ့လို့ နေကြာတစ်တင်း ၉၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ဈေးမြင့်ခဲ့ပါတယ်။ သီးနှံပေါ်ချိန်မှ ရက် ၃၀ အတွင်း ဈေးမြင့်ခဲ့လို့အချို့လှောင်ကုန်သည်များ ဈေးမြင့်မိခဲ့ကြပြီး ရာသီကုန်တဲ့ အထိ ဈေးငြိမ်ခဲ့တဲ့အတွက် လှောင်လက်များ အခက်တွေ့စေခဲ့ပါတယ်။
 
ဒီနှစ်နေကြာ တစ်တင်း ၇၅၀၀ ကျပ်ဈေးဖွင့်တော့ လှောင်ကုန်သည်များ လက်ဦးမှုရယူ ဝယ်နေကြပေ မဲ့ တောင်သူ အချို့ကဈေးကောင်းစောင့်နေကြပါတယ်။ ငွေလိုနေတဲ့ တောင်သူအများစုတော့ အရောင်းအဝယ်ဖြစ်နေ ကြ ကြောင်း နေကြာ ကုန်သည် ဦးအားချန့်ထံက သိရပါတယ်။