Main menu

Background

ချင်းဥမတွေ အဝင်လှိုင်လို့ ချင်းဟောင်းတွေ ထုတ်ရောင်းတာကြောင့် ချင်းဈေး အနည်းငယ်အေး

Tue, 05/27/2014 - 07:55 -- ydnar

 
ရှမ်းပြည်နယ်မှာ မိုးတစ်ပြိုက်၊ နှစ်ပြိုက် ရွာလာပြီဖြစ်တာကြောင့် ချင်းပင်တွေ လည်း ထွက်စပြုနေပါပြီ၊ ချင်းဥမကို လည်း ဇွန်လကုန်လောက်မှာ စပြီးဖော်လို့ရ တော့မယ်လို့ ဆိုရပါတယ်။ ဒါကြောင့်ချင်းဟောင်းတွေ ကိုလည်း အကုန် ထုတ်ရောင်းနေကြပါတယ်။ဥမကလှိုင်လှိုင်ကြီး ဝင်လာတတ်တာကြောင့် ချင်းတက်တွေကိုဖြစ် နိုင်ရင် အကုန်ကုန်သွားစေချင် တယ်လို့လည်းပွဲရုံတွေကဆိုပါတယ်။ဒီတစ်ပတ်မှာချင်းဈေးနည်းနည်းကျလာပါတယ်။

တောင်သူတွေကလည်း ဝယ်လက်ရှိေ နတဲ့ စိုက်ခင်းလက်ကျန်တွေကိုလည်း ထုတ်ရောင်းနေတယ်လို့ သိရပါတယ်။ ပစ္စည်းက တော့ ဈေးကွက်ကို အင်နဲ့အားနဲ့ဝင်လာတာမရှိတော့လို့ဝယ်လက်တွေကတော့စောင့်ပြီးဝယ်နေရပါတယ်။၅ရက်တစ်ဈေးမှာမှကားတစ်စီးစာပြည့် တာကြောင့်စစ်တွေဝယ်လက်တွေကတစ်ပတ်ကိုတစ်ခါသာကားတင်ရတယ်လို့လည်းသိရပါတယ်။စစ်တွေဝယ်လက်တွေက အများဆုံးဝယ်ယူနေပြီး မုံရွာ၊ ရန်ကုန်၊ နေပြည်တော် စတဲ့မြို့တွေကပါ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ၁ ဒသမ ၈ သိန်း အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ချင်းခြောက်ကလည်း အဝယ်လိုက်နေပါတယ်။ မနှစ်ကထဲက ချင်းစိုက ဈေးကောင်း ခဲ့တာကြောင့် ချင်းခြောက်ကို မလုပ်ခဲ့ကြလို့ ချင်းခြောက်ကလည်း ပစ္စည်းများများမရှိတော့ပါဘူး။ ချင်းစိုနဲ့အတူတူ စီးဆင်းနေ လို့သူကလည်းတစ်ပတ်အတွင်းမှာချင်းခြောက်ပိဿာချိန် သုံးသောင်းအရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေး ကွက်မှာ ချင်းတစ်ပိဿာပေါက်ဈေးက အနိမ့်ဆုံး ၈၀၀ ကျပ်မှ အမြင့်ဆုံး ၁၉၀၀ ကျပ်ရှိပြီး ချင်းခြောက်ကေ တာ့ တစ်ပိဿာ ၂၃၀၀ ကျပ်ဈေးရှိပါတယ်။