Main menu

Background

ယခုတစ်ပတ် ပြည်ပဝယ်လက်က ဆင်တောင်နနွင်းကို ရွာအထိ လိုက်ဝယ်

Tue, 05/27/2014 - 08:04 -- ydnar

 
ဒီတစ်ပတ်တော့ တရုတ်ဝယ်လက်တွေက ဆင်တောင် နနွင်းကို အဓိကဝယ်ယူနေပါတယ်။ ဆင်တောင်နနွင်းက ရှမ်း ပြည်မှာထွက်တဲ့ နနွင်းတွေထဲမှာအရည်အသွေး အကောင်း ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ခန့်က စပြီး နနွင်းဈေးကွက်ကပျက်ခဲ့တာကြောင့် နနွင်းကို စိုက်တာလည်း လျော့သွားပါတယ်။

ဒါကြောင့်ဆင်တောင်နနွင်းလည်း ဒီနှစ် မှာ အထွက်ကအတော်ကိုနည်းသွားတာကြောင့် ဆင်တောင် နနွင်း စစ်စစ်ကလည်း ရှားသွားပါတယ်။ ဆင်တောင်နနွင်းမှာ လည်း ထိပ်စလို့ခေါ်တဲ့ No.1 နဲ့ လတ်စလို့ ခေါ်တဲ့No.2  ဆိုပြီး နှစ်မျိုးထွက်ပါတယ်။ ထိပ်စက ချိုးလိုက်ရင်အရောင်က ရဲနေပြီး လတ်စက အစိမ်းနဲ့အဝါရောင်ရှိတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်တွေကတော့No.1  ကိုပိုပြီး ကြိုက်တာေ ကြာင့် ထိပ်စကိုသာ လိုချင်ကြပါတယ်။ အောင်ပန်းပွဲရုံတွေဆီကို တော့ ဆင်တောင်နနွင်းအစစ်က ဝင်တာနည်းပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် အများဆုံး ၅၀၀ ခန့်သာအဝင် ရှိလို့ ကုန်ချိန် တစ်သောင်းပြည့်ဖို့အတွက် နှစ်လ၊ သုံးလခန့် စုနေရ တယ်လို့ ပွဲရုံတွေက သိရပါတယ်။ အဲဒါကြောင့် တရုတ် ဝယ်လက်တွေက ဆင်တောင်နနွင်းကို ရွာတွေအထိ လိုက်ပြီး ဆင်း ဝယ်နေကြ ပါတယ်။ တရုတ်ဝယ်လက်တွေနဲ့အတူ ပြည် တွင်းလက်ကြီးသမားတွေကလည်း ဆင်တောင်နနွင်းကို လိုက် ပြီး သိမ်းနေကြတယ်လို့ သိရပါတယ်။ ဆင်တောင်နနွင်းနဲ့ အတူ တောင်ပို့လနနွင်းလည်း လိုက်ပြီးအရောင်းအဝယ်ဖြစ် လာပါ တယ်။ တောင်ပို့လနနွင်း ထိပ်စကလည်း ဆင်တောင် နနွင်းလောက်မကြီးပေမဲ့ အရည်အသွေးတော့မီတယ်လို့ သိရ ပါ တယ်။ ဒါပေမဲ့ သူလည်းအထွက်နည်းတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ပြည်ပ ဝယ်လက်တွေကြောင့် နနွင်းလည်း အရောင်း အဝယ်သွက်လာပြီး တစ်ပတ်အတွင်း ပိဿာချိန် ငါးသောင်းနှစ်ထောင်ခန့် အရောင်း အဝယ် ဖြစ်ခဲ့ပါ တယ်။ အောင်ပန်းဈေးကွက် မှာဒီတစ်ပတ်နနွင်းပေါက်ဈေးက တောင် ပို့လနနွင်းထိပ်စက ၁၀၀၀ ကျပ်၊လတ်စက ၈၅၀ ကျပ်-၉၀၀ ကျပ်၊ ဟိုပုံးနနွင်းက ၈၅၀ ကျပ်နဲ့ ဆင်တောင် နနွင်းက ၁၃၀၀ ကျပ်-၁၄၀၀ ကျပ် ဈေးရှိပါတယ်။