Main menu

Background

မန်ကျည်းတန်ချိန် တစ်ထောင်ကျော်တင်ပို့

Tue, 05/27/2014 - 08:39 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ မလ၁၁ ရက်မှ ၁၇ရက်နေ့တာကာလအတွင်း မန်ကျည်းတန်ချိန် ၁၁၁၂ ဒသမ ၄၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်ဖိလစ်ပိုင်နိုင်ငံကို ၂၄ တန်၊

အင်ဒိုနီးရှားနိုင်ငံကို ၂၅ တန်၊ ပါကစ္စတန်နိုင်ငံကို ၉၀၀ ဒသမ ၄၈တန်နဲ့စင်ကာပူနိုင်ငံကို ၁၆၃ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုမှာ တန်ချိန် ရှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် နှစ်ရာ့ခုနှစ်ဆယ်ကျော်တင်ပို့ မှုပိုခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းကျော်ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။