Main menu

Background

ဈေးအငြိမ်ဖြင့် အကျဖက်ကို ဦးတည်လျက်ရှိသည့် မြန်မာ့ရွှေဈေးကွက်

Tue, 05/27/2014 - 09:02 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးကွက်သည် ဈေးငြိမ်လျက်ရှိပြီး အကျဖက်ကိုဦးတည် လျက်ရှိနေကြောင်း ရွှေကုန် သည် တစ်ဦးက သုံးသပ်ပြော ကြားသည်။''ဒီတစ်ပတ်မှာ ရွှေဈေးကတော်တော်လေးကို ငြိမ်တယ်လို့ ပြောရမယ်။ အတက် အကျကမရှိသလောက်ပဲ။အတက်အကျမရှိသလိုဈေးကွက်ထဲမှာလည်း

တော်တော်လေး ကို ဈေးကွက် အေး တယ် လို့ ပြော ရမယ်။အရင်တုန်း ကဆို ဈေးကွက်ထဲ မှာဝယ်သူရောရောင်းသူပါရှုပ်နေပေမယ့်ခုရက်ပိုင်း မှာတော်တော်လေး ကိုသိသိ သာသာကျဲသွားတယ်။တက်မယ်လို့ထင်ပေ မယ့်တကယ်တမ်းကျတော့ ဈေးက တက်လည်းမတက် ကျလည်းမကျ ဆို တော့ အကျဖက်ကို ဦးတည်နေတယ်လို့ ယူဆရမလိုဖြစ်နေတယ်။ ဒါကလည်း သိပ်မသေချာပါ ဘူး။ ဈေးကွက်ရဲ့ အနေ အထား ကတစ်ပတ်နဲ့တစ်ပတ်မတူတဲ့အတွက်နောက်တစ်ပတ်ကျရင်ဘာဖြစ်မလဲဆိုတစောင့်ကြည့်နေရတာပဲ''ဟု ရွှေကုန်သည်ဦးစံမြင့် က ဆိုသည်။ယခုတစ်ပတ်အတွင်း မေလ ၁၉ ရက်နေ့ကတည်းက ရှိခဲ့သည့် မြန်မာ့ရွှေ ဈေး ကျပ် ၆၆၂၅၀၀ သည် မတ်လ ၂၃ရက်နေ့တွင် လည်း ထိုဈေးအတိုင်း ပင် တည်ရှိခဲ့သည်။''အိန္ဒိယကရွှေနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ ပြောင်းလိုက်လို့ ဈေး တက်လာမယ်လို့ ထင်ရပေမယ့် အမေ ရိကန်ရဲ့စီးပွားရေးကောင်း တယ်လို့ထုတ် ပြန်လိုက်တဲ့အချက်ကြောင့် တက်လာ မယ့် ရွှေဈေးက တက်မလာဘဲ ကျရိပ် ပြန်သမ်းသွားတဲ့ သဘောမျိုးဖြစ်နေ တယ်'' ဟု ရွှေကုန်သည် ဦးဇော်အောင် က ဆိုသည်။မေလ ၁၉ရက်နေ့ က ရှိခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် မေလ ၂၃ရက်နေ့ အထိ ၁၂၉၂နှင့် ၁၂၉၃ဒေါ်လာကြား တွင်သာ ဖြစ်တည်လျက်ရှိသည်။