Main menu

Background

ပေါက်ဈေးအစုံနဲ့ အဝယ်သွက်လာတဲ့ပဲစင်းငုံ

Mon, 09/20/2010 - 04:40 -- Anonymous (not verified)

ပေါက်ဈေးအစုံနဲ့ အဝယ်သွက်လာတဲ့ပဲစင်းငုံ     မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်ဟာ ယခုတစ်ပတ်အတွင်း တစ်တင်း၁၉၅ဝဝ ကျပ်မှ ၁၉၈ဝဝ ကျပ် ကြား ဝယ်သူဈေးကွက်အဖြစ် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဈေးကွက်ထဲမှာ လက်ငင်းဈေး တစ်တင်း ၁၉၆ဝဝကျပ် နဲ့ တစ်ရက်အတွင်း တင်း ၉ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သလို နှစ်ရက်ဆိုင်းဈေးတစ်တင်း ၁၉၈ဝဝ ကျပ်နဲ့ တစ်ရက် အတွင်း တင်း ၁၂ဝဝ ထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကသိရပါတယ်။ ယခုလို ပဲစင်းငုံဈေး ကျဆင်းခဲ့လို့ ရောင်းအားနည်းလျက်ရှိတဲ့အတွက် မုံရွာနယ်ရှိ ကုန်သည်တွေရဲ့လက်ဝယ်မှာ တင်းနှစ်သိန်းကျော်ခန့်ထိ လက်ကျန်ရှိနိုင် တယ်လို့ ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းချက်ကိုလေ့လာသိရှိရပါတယ်။      ဒီရက်အတွင်း ရန်ကုန်တင်ဖို့ အဝယ်လိုက်ခဲ့ပြီး ဒေသခံကုန်သည်အချို့လှောင်ဘို့ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ကနေ ၁၃ရက်နေ့အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေမှ ပဲစင်းငုံနီထပ်ဆင့် တင်ပို့မှုအနေဖြင့်မန္တလေးကို တင်း ၁၂ဝဝ ခန့်၊ ရန်ကုန်ကိုတင်း ၆ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝခန့် စုစုပေါင်း တင်း ၈ဝဝဝ နီးပါး တင်ပို့နိုင်ခဲ့ကြကြောင်း သိရပါတယ်။ထွန်းလှိုင်