Main menu

Background

ဆီထွက်သီးနှံ ဈေးပုံမှန်ဖြစ်နေတဲ့ ပြည်ဈေးကွက်

Wed, 05/28/2014 - 04:56 -- ydnar

ပြည်ဈေးကွက်၌ ယခုအပတ်တွင် နှမ်းဈေးနဲ့အတူ မြေပဲဆန်ဈေးပါ တန်း နေတာတွေ့ရပါတယ်။ နှမ်းမှာ ပစ္စည်း လက်ကျန် မရှိပေမဲ့ ဝယ်လက်များရှိလို့ ဈေးမြင့်နေတာတွေ့ရပါတယ်။ မြေပဲ ဆန်အဝင်မှာ တစ်နေ့ကို အိတ် ၁၅၀၀ ခန့်ဝင်ပြီး ပစ္စည်းရှိပြီး အဝယ်ပါရှိသော်လည်း ဈေးမှာ ယခင်အတိုင်းမပြောင်း လဲဘဲ ရှိနေတာတွေ့ရပါတယ်။

မြေပဲ လုံးဆန်ကို မန္တလေးဝယ် လက် များရှိပြီး ဆီကြိတ်မြေပဲဆန်ကို ပြည်၊ မကွေးနဲ့ ရန်ကုန်ဆီစက်များရှိသဖြင့် တစ်နေ့ကို အိတ် ၁၅၀၀ ခန့် အရောင်းအဝယ်ဖြစ် တာ တွေ့ရပါတယ်။ နှမ်းဈေးမှာ နှမ်းနီ တစ်တင်း ၄၃၀၀၀ ကျပ်နဲ့ နှမ်းနက် တစ်တင်း ၅၁၆၀၀ ကျပ်ဈေးဖြင့် ယခင် အပတ်ဈေး အတိုင်းဖြစ်နေသလိုမြေပဲ ဆန်ဈေးမှာလည်းဆီကြိတ်မြေပဲဆန်တစ်ပိဿာ ၁၄၀၀ ကျပ်၊ လုံးဆန် တစ်ပိဿာ ၁၆၀၀ကျပ်ဈေးြ ဖင့် ဈေး ငြိမ်နေတာ တွေ့ရပါတယ်။ဆီဈေးအနေဖြင့် နှမ်းဆီ တစ် ပိဿာ ၅၂၀၀ ကျပ်မှ ၅၄၀၀ ကျပ် အထိရှိပြီး မြေပဲဆီဈေးမှာ တစ်ပိဿာ ၂၉၀၀ ကျပ်မှ ၃၃၀၀ ကျပ်အထိဈေးရှိ နေတာတွေ့ရပါတယ်။ စားအုန်းဆီဈေး မှာ တစ်ပိဿာ ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ် အထိ ပြည်ဈေးကွက် တွင် ဈေး ရှိပြီးအရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။