Main menu

Background

လေးရက်ကြာ ကျဆင်းနေရာမှ စားအုန်းဆီဈေးပြန်တက်

Wed, 05/28/2014 - 05:01 -- ydnar

 
ဈေးကွက်အတွင်း ဆီကိန်းဂဏန်း အချက်အလက်များ ပြန်လည်မြင့်မား နေချိန်မှာစားအုန်းဆီကြမ်းဈေး မြင့်တက် လာခြင်း နဲ့ပင်လယ်ရပ်ခြားရှိပဲပုပ်ဆီဈေး ပြန်လည်နာလန်ထူလာခြင်းတို့ကြောင့်လေးရက်ကြာကျဆင်းနေတဲစားအုန်းဆီ ကြိုရောင်းကြို ဝယ်ဈေး က မေလ ၂၂ ရက်မှာရုတ်တရက်ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ကြာ သပတေးနေ့က တစ်တန်ကို ၂၆၃၀ ရင်းဂစ်နှုန်းနဲ့ ထိပ်ဆုံးရောက်နေတဲ့ ဈေး နှုန်းတွေက ယခုရက်သတ္တပတ်အတွင်း ၅ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ပါတယ်။ တရုတ် စားသုံးဆီဈေးကွက်ကျဆင်းမှုနဲ့ ရင်းဂစ်တန်ဖိုး မြင့်မားမှုတို့ကြောင့် စား အုန်းဆီက လေးလအတွင်း အနိမ့်ဆုံး ထိ ကျဆင်းခဲ့ကြောင်း၊ ဒေးလီးတိုင်း သတင်းမှာဖော်ပြထားပါတယ်သြဂုတ်လအတွက်ပေးရမဲ့ စာချုပ် အရ အခြေခံစံထားဈေးနှု န်းက Bursa Malaysia Derivative Exchangeမှာ မေလ ၂၂ ရက်ဈေးပိတ်ချိန်ကတစ်တန်ကို ၂၅၂၂ ရင်းဂစ် (၇၈၃ ဒေါ်လာ)ထိရောက်ခဲ့ပါတယ်။ငါးရက်အတွင်းပထမဆုံးအကြိမ်အဖြစ် မြင့်တက်ခဲ့ တာ ဖြစ်ပါတယ် ။စုစုပေါင်း ရောင်း ဝယ်မှု ပမာဏက ၂၅ တန်ရှိအတွဲ ၂၈၅၆၂ တွဲရှိပြီး ပျမ်းမျှရောင်းရတဲ့ အတွဲဖြစ်တဲ့ ၃၅၀၀၀ အောက်ကိုကျဆင်းနေပါတ ယ်။တရုတ်နိုင်ငံရဲ့ကုန်ထုတ်လုပ်ကဏ္ဍမြင့်တက်လာခြင်းနဲ့အမေရိကန်ရေနံစိမ်းသိုလှောင်မှုလက်ကျန်ကျဆင်းမှုစတဲ့ အချက်ေ တွကြောင့် ဘရင့်ရေနံစိမ်း ဈေးက တစ်စည်ကို ဒေါ်လာ ၁၁၀ ထိ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ဇီ၀ ဒီဇယ် အတွက် စားအုန်းဆီကို လှောင်လာမှာကို စိုးရိမ်တဲ့အတွက် စားအုန်းဆီဈေး မြင့်တက်စေခဲ့တာလည်း ပါဝင် ပါတယ်။ ကိန်းဂဏန်း အချက်အလက်တွေ အရ စားအုန်းဆီဈေးက အမြင့်ဆုံးဈေး တစ်တန်ကို ၂၅၂၅ ရင်းဂစ်ထက်ကျော် လာရင် ၂၅၄၅ ရင်းဂစ်ထိရောက်နိုင်တယ်လို့ ရိုက်တာသတင်းဌာန ဈေး ကွက်ဆန်းစစ်ရေးမှူးဝမ်တာအိုက ပြော ပါတယ်။ပဲပုပ်ဆီဈေးကွက် ကိုကြည့်ရင် အမေရိကန် ပဲပုပ်ဆီက ဇူလိုင်အတွက် ကြိုရောင်းဈေးသုည ဒသမ ၈ရာခိုင်နှုန်းမြင့်တက်ပြီး တရုတ်ဒါလီယံဈေး ကွက်က ပဲပုပ်ဆီ စက်တင်ဘာ ကြို ရောင်းဈေးက တစ်ရာခိုင်နှုန်းမြင့်တက် ပါတယ်။