Main menu

Background

နမ့်ဖတ်ကာရွာအနီး တာလုံရွာပြည်ထောင်စုလမ်းမကြီးပေါ်တွင် တမလန်းနဲ့ သစ်မာများအပြည့် တင်ဆောင်လာတဲ့ယာဉ်တစ်စီးတွေ့ရှိ

Thu, 05/29/2014 - 04:38 -- ydnar

 
မန္တလေးမှမူဆယ်သို့တရားမဝင်သစ်များတင်ဆောင်လာတဲ့ယာဉ်တစ်စီးလားရှိုးမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်းေ မာင်းနှင်လာကြောင်းသတင်းရရှိသဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား အဖွဲ့မှ လက်ထောက်ညွှန်ကြားရေး မှူး ခေါင်းဆောင်တဲ့အဖွဲ့သည် မေလ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖတ်ကာရွာအနီး

တွင်စောင့် ဆိုင်းခဲ့ တယ်လို့သတင်းရရှိပါတယ်။စခန်းထုတ်နုတ်အင်အားဖြင့်ကျန်တစ်ဖွဲ့မှာလည်းအေးရှားဝေါလ်တိုးဂိတ်အနီးမှာပိတ်ဆို့စောင့်ဆိုင်းခဲ့ တယ်လို့သိရပါတယ်။ယင်းသို့ပိတ်ဆို့စောင့်ဆိုင်းနေစဉ်သတင်း ရရှိထားတဲ့ တမလန်းနဲ့သစ်မာများတင် ဆောင်လာတ Nissanအမျိုးအစား ၁၂ ဘီးယာဉ် အမှတ် (၂ဂ /xxxxx) ကို နမ့်ဖတ်ကာအနီးတာလုံရွာပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ဆေး တားဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။တရားမဝင်သစ်များတင်ဆောင်လာတဲ့ယာဉ်အားတားဆီးထိန်းသိမ်းစဉ်ယာဉ်မောင်းနဲ့ယာဉ် နောက် လိုက်မှာထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့သိရပါတယ်။သိမ်းဆည်းရမိတဲ့တရားမဝင်သစ်များအားအကောက်ခွန်အမှုတွဲဖွင့်၍ နိုင်ငံပိုင် အဖြစ်သိမ်း ဆည်းနိုင်ရန် မူဆယ်မြို့နယ်သစ်တော ဦးစီးဌာနသို့လုပ်ထုံးလုပ်နည်းနဲ့အညီစနစ် တကျလွှဲပြောင်းအပ်နှံပြီး၊ သစ်တင် ယာဉ်အားအကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါ တယ်။