မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အားအဖွဲ့မှလက်ထောက် ညွှန်ကြားရေးမှူးခေါင်းဆောင် တဲ့အဖွဲ့ သည် မေလ ၂၀/၂၁ ရက်နေ့များတွင် နမ့်အွန်-ခိုခေးရှောင်ကွင်းလမ်း၊ နမ့် တောင်-ခိုခေးရှောင်ကွင်းလမ်း၊ မိုင်းယု-မန့်မော်ရှောင် ကွင်းလမ်း၊မိုင်းယု-မန့်မော်-တုံခမ်ရွာချင်းဆက်ရှောင်ကွင်းလမ်းတွေပေါ်မှာတရားမ
ဝင်သယ်ဆောင် ရန်စုပုံထားတဲ့ ရုံးသုံးကျောင်း သုံးထိုင်ခုံစားပွဲများအပါအဝင် အခြားတရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။အဆိုပါစစ်ေ ဆး တွေ့ရှိခဲ့တဲ့ အကောက်ခွန်မဲ့ပစ္စည်းများက တော့ နမ့်အွန်-ခိုခေးရှောင်ကွင်း လမ်း ထိပ်မှာ ကွန်ပျူတာစားပွဲ၊ ရုံးသုံးစားပွဲ၊ စတီးစားပွဲ၊ ဆိုဖာထိုင်ခုံ၊ ဆုံလည်ဆိုဖာ၊ ကျောမှီဆိုဖာထိုင်ခုံ၊ ဘီဒိုနဲ့ (၃) ယောက် ထိုင်ခုံများ၊ နမ့်တောင်-ခိုခေးရှောင်ကွင်း လမ်းထိပ်မှာ Angle Iron နဲ့ Bolt & Nut ၊ မိုင်းယု-မန့်မော်ရှောင်ကွင်းလမ်းထိပ်မှာကြွေပြားနဲ့အထပ်သားများ၊ မိုင်းယု-မန့်မော်ရှောင်ကွင်း လမ်းထိပ် မှာ ရေသန့်ဘူးခွံပြုလုပ်ရန် ကော်တောင့် (၁၅) အိတ်နဲ့ မိုင်းယု-မန့်မော်-တုံခမ် ရွာချင်းဆက်ရှောင်ကွင်းလမ်းထိပ်မှာ တမလန်းဟု ယူဆရတဲ့သစ်တုံး(၄)တုံးတို့ ဖြစ်ပါတယ်။ အဆိုပါသိမ်းဆည်းရမိ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်း များကိုသက်ဆိုင်ရာ ဌာနများ သို့လွှဲပြောင်း အပ်နှံပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သတင်းရရှိပါတယ်။