ကိုးရီးယားစားသုံးသူအဖွဲ့အစည်းသည်စားသုံးသူတိုင်တန်းမှုဖြေရှင်းသည့်စနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန် ပြည်တွင်းအစိုးရအဖွဲ့အစည်း ၁၆ ခုနှင့် စားသုံးသူ အဖွဲ့အစည်း ၁၀ ခုတို့ဖြင့်ပါဝင်ဖွဲ့စည်း ထားသည့် Consumer Counseling Network (www.ccn.go.kr)ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ကိုရီးယားနိုင်ငံတွင် ပင်လယ်ရပ်ခြား မှ တိုက်ရိုက်ဝယ်ယူ မှုများမှာ ပြည်တွင်းစားသုံးသူများအတွက် အကျိုးကျေးဇူး ဖြစ်ပေါ်စေသဖြင့် တစ်နေ့တခြားတိုး တက်လာလျက်ရှိပါသည် ။
အထူး သဖြင့်စားသုံးသူများအနေဖြင့် ပြည်တွင်းတွင်သင့်တော်ကောင်းမွန်သောဈေးနှုန်းဖြင့်ဝယ်ယူရန်ခက်ခဲသောကုန်စည်များကို ပင်လယ် ရပ်ခြားဈေးကွက်မှဝယ်ယူ နိုင်သောကြောင့်ဖြစ်ပါသည်။ အခြား တစ်ဖက်တွင်လည်း ပင်လယ်ရပ်ခြားမှ တိုက်ရိုက် ဝယ်ယူမှုများနှင့် ပတ်သက်၍စားသုံးသူများတိုင်တန်းမှုပမာဏမှာလည်းသိသာစွာတိုးတက်လာခဲ့ပါသည်။ကိုးရီးယားစားသုံးသူအဖွဲ့အစည်း ၏အဆို အရ Consumer Counseling Network မှလက်ခံရရှိသည့် စားသုံးသူ တိုင်တန်းမှုအမှုများမှာ ၂၀၁၂ ခုနှစ်တွင် ၁၁၈၁ မှုသာရှိရာ မှ ၂၀၁၃ ခုနှစ်တွင် ၁၅၅၁ မှုနှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းတွင်၂၁၁ မှုတို့ရှိခဲ့ကြောင်းသိရှိရ ပါသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ၂၀၁၄ ခုနှစ်ဇန်နဝါရီလအတွင်းပင်လယ်ရပ် ခြားတိုက်ရိုက်ဝယ်ယူမှုမှတိုင်တန်းမှု ၁၀၆၆ မှုရှိခဲ့ပြီးအဓိကအားဖြင့် ကုန်စည်ပို့ေ ဆာင် ခသို့မဟုတ် ကုန်စည်များ ကို ပြန်လည်ပေးအပ်သည့်အခတို့ကို ပိုမိုတောင်းခံခြင်းကြောင့် စားသုံးသူ တိုင်တန်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒုတိယအနေနှင့် ကုန်စည်ဝယ်ယူပြီးနောက် ပယ်ဖျက်မှုနှင့် ငွေကြေးပြန်အမ်းမှု တို့ ကိုငြင်းပယ်ခြင်း သို့မဟုတ် နှောင့်နှေး ကြန့်ကြာ မှုတို့ကြောင့်ဖြစ်ကြောင်း၊ ငွေလက်ခံရရှိပြီးနောက် site မှာပျောက် ကွယ်သွားခြင်းစသည့် လိမ်လည်မှု များလည်း ပါဝင်ကြောင်း သိရှိရ ပါသည်။ ကိုးရီးယားစားသုံးသူအဖွဲ့အစည်းသည်စားသုံးသူများအနေဖြင့်ဆုံးရှုံးမှု၊ပျက်စီးမှုများကိုကာကွယ်နိုင်ရန်အတွက် ပင်လယ်ရပ်ခြား မှ တိုက်ရိုက် ဝယ်ယူမှုကိစ္စများနှင့်ပတ်သက်သည့် တိုက်ရိုက်သင်္ဘောတင်ပို့ခြင်း၊ သင်္ဘော တင်ပို့သည့်ကိုယ်စားလှယ် ဝန်ဆောင်မှု လုပ်ငန်းသို့မဟုတ်ဝယ်ယူသည့် ကိုယ်စားလှယ်ဝန်ဆောင်မှုလုပ်ငန်းကို အသုံး ပြုခြင်းစသည်တို့နှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များကို ဂရု တစိုက်လေ့လာပြီးမှ ပင်လယ်ရပ်ခြားမှ တိုက်ရိုက် ဝယ်ယူမှုများကို ဆောင် ရွက်သင့်ကြောင်းအကြံပြု ခဲ့ပါသည်။ ဆက်လက်၍ ကိုးရီးယားစားသုံးသူအဖွဲ့ အစည်းသည် ပင်လယ်ရပ်ခြားမှ တိုက် ရိုက်ဝယ်ယူမှုများအတွက် ဈေးကွက် များကိုကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်စစ်ဆေးခြင်း၊ လမ်းညွှန်ချက်များချမှတ် ခြင်း၊ cyber-based sellers များနှင့် အဓိက ဆက်နွှယ်သည့် နိုင်ငံများဖြစ် သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကုန် စည်များ ဝယ်ယူသည့် အခါ ပြည်တွင်း စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှု များ ဖြစ်ပေါ်ပါက လျော်ကြေးပေးအပ် နိုင်သည့် နည်းလမ်းများရှာဖွေပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကိုးရီးယားစားသုံးသူအဖွဲ့အစည်းသည် ပင်လယ်ရပ်ခြားမှ တိုက်ရိုက် ဝယ်ယူမှု ကိစ္စများ အတွက် ပြည်တွင်းစားသုံးသူ များ ထိခိုက်နစ်နာမှုများဖြစ်ပေါ်ပါက Consumer Counseling Network မှတစ်ဆင့် ထိရောက် စွာဖြေရှင်းဆောင် ရွက်ပေးလျက် ရှိပါသည်။