ထိုင်းနိုင်ငံရဲ့ ဆန်အပေါင်ခံအစီ အစဉ်ဆောင်ရွက်ခဲ့ခြင်းရဲ့ ကနဦး အစထဲက ဆုံးရှုံးမှုဟာ ဘတ်ဘီလီယံ ၅၀၀ (ကန်ဒေါ်လာ ၁၅ ဘီလီယံ) ခန့်ရှိ တယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားတယ်လို့ ပြည်တွင်း သတင်း တွေမှာဖော်ပြထားကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ နှစ်စဉ်GDPဟာ ကန်ဒေါ်လာ ၃၆၅ ဘီလီယံခန့်ရှိပါ တယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်တွင်း သတင်း မီဒီယာများကိုပြောကြားချက်အရဘဏ္ဍာရေးဝန်ကြီးဌာန ရဲ့ အထွေထွေစစ်ဆေးရေး အရာရှိဦးဆောင်တဲ့ဆပ်ကော်မတီတစ်ခု က နိုင်ငံတော် ဆန်မူဝါဒ ကော်မတီ (NRPC)ရဲ့ မကြာသေးခင်က ဆုံးဖြတ် ချက်နဲ့ စာရင်းအင်း အတတ်ပညာ ရှင်များရဲ့ ဖွဲ့စည်းမှု အပေါ်အခြေခံထားပြီးဆန်အပေါင်ခံအစီအစဉ်ရဲ့စာရင်းအင်းကဏ္ဍကိုကွပ်ကဲနေတယ်လို့ သိရပါ တယ်။ ဆပ်ကော်မတီမှ အသုံးပြု ထားတဲ့စာရင်းအတွက်အခြေခံစံဈေးနှုန်းဟာပြည်ပကုန်သွယ်ရေးဌာနကကြေညာထားတဲ့ဈေးနှုန်း(သို့မဟုတ်)အမှန်တကယ်အပေါင် ခံဈေးနှုန်းထက် လျော့နည်းတယ်ဆိုတ NRPC ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံထားတယ်လို့ လည်း ၎င်းင်းမှဖော်ပြထားပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခန့်မှန်း မှုဟာထိုင်းဘဏ်မှ ခန့်မှန်းထားတဲ့ ဘတ် ၄၆၆ ဘီလီယံ(ကန်ဒေါ်လာ ၁၄ ဒသမ ၃ ဘီလီယံ) ထက်ပိုမိုနေတယ် လို့ ပြည်တွင်းသတင်းများက ဖော်ပြ ထားပါတယ်။ တောင်သူများဟာ ၂၀၁၁-၁၂ အဓိကရာသီမှ စပြီး ၂၀၁၃-၁၄ အဓိကရာသီအထိ (၂၀၁၁ အောက် တိုဘာမှ ၂၀၁၃ ဖေဖေါ်ဝါရီလ) ၅ ရာသီအတွက် ဆန်များ ပေါင်နှံခဲ့တာ ဖြစ်ပါတယ်။ ယင်းအပေါင်ခံအစီအစဉ် အရ တောင်သူတွေကိုအစိုးရက ဈေး ကွက်ပေါက်ဈေးထက် ၄၀-၅၀ ရာခိုင် နှုန်း ပိုမိုပြီး တစ်တန် ဘတ် ၁၅ç၀၀၀ (ကန်ဒေါ်လာ ၄၆၀) ဈေးပေး ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၃ဒီဇင်ဘာလအတွင်း အစိုး ရပြိုကွဲပြီးတဲ့နောက် စပါးအပေါင်ခံ အစီအစဉ်ဟာ တောင်သူတွေကိုပေးချေ ရမယ့်ငွေကြေး မလုံလောက်မှုနဲ့ အတူပြဿနာများ စတင်ကြုံကြိုက်ခဲ့တာ ဖြစ်ပါတယ်။ ယင်း အစီအစဉ် ပြန်မ စတင်တော့တဲ့နောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြီးဆုံးခဲ့ပါတယ်။အစိုးရဟာတောင်သူတွေကိုပေးဖို့ ဘတ် ၈၂ ဘီလီယံ(ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ)ခန့် ကျန်နေသေးတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနကပြောကြား ကြောင်း သိရပါတယ်။ အိမ်စောင့်အစိုး ရ အနေနဲ့ တောင်သူတွေကိုငွေပြန်ပေး ဖို့နဲ့ ဘဏ္ဍာငွေမြှင့်တင်ဖို့ ၎င်းင်းတို့ သို လှောင်ရုံထဲက သိုလှောင်ဆန်တွေကို ရောင်းချဖို့ အပူတပြင်းဆောင်ရွက်နေ တယ်လို့ သိရပါတယ်။
