Main menu

Background

အမေရိကန်နိုင်ငံသို့ လာရောက် လည်ပတ်သည့်နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ၏ ၂၀၁၄ ခုနှစ်၊ မတ်လတွင်သုံးစွဲမှုသည် ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံသို့ မြင့်တက်ခဲ့

Thu, 05/29/2014 - 06:39 -- ydnar

 
အမေရိကန်နိုင်ငံသို့လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များသည် ခရီသွားလုပ်ငန်းနှင့် ၎င်းနှင့်ဆက်စပ် သည့်ကဏ္ဍများတွင်သုံးစွဲမှုသည် ၂၀၁၄ ခုနှစ်၊ ဧပြီလ အတွင်းတွင် ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ သားများ၏ ပြည်ပတွင်သုံးစွဲမှုနှင့် နှိုင်း ယှဉ်ပါက အမေရိကန်နိုင်ငံသည်

ဒေါ် လာ ၅ ဒသမ ၁ ဘီလီယံပိုငွေပြသဖြင့် ယခုနှစ်မတ်လ၏ ပိုငွေပြမှုသည် စံချိန် တင်မြင့်တက်ခဲ့ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မေလ ၉ ရက် တွင်ထုတ်ပြန်ကြေ ညာခဲ့ပါသည်။
 
အဆိုပါခရီးသွားဧည့်သည်များ ၏ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းများ(Travel and Tourism- Related Goods and Services)ဖြစ်သည့် အစားအစာ၊ တည်းခိုမှု၊အပန်းဖြေမှု၊ လက်ဆောင်ပစ္စည်းများဝယ်ယူ မှုဖျော်ဖြေရေးနှ င့် ပြည်တွင်းခရီးသွားလာခြင်းစသည်တို့အပေါ်သုံးစွဲမှုသည် ဒေါ် လာ ၁၁ ဒသမ ၉ ဘီလီယံဖြစ်၍ ယခင်နှစ် အလားတူကာလ ထက် ၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါသည်။ထို့အပြင်အမေရိကန်နိုင်ငံ၏ယာဉ်များ (U.S Carriers) မှ ခရီးသွားလက်မှတ် ဝယ်ယူ မှု (Passenger Fare Receipts) ပမာဏသည်မတ်လတွင်ဒေါ်လာ၃ ဒသမ ၅ ဘီလီယံဖြစ်၍ ၂၀၁၃ ခုနှစ်၊ မတ်လနှင့် နှိုင်းယှဉ် ပါက ၄ ရာခိုင်နှုန်းနီးပါးတိုးတက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် ချမှတ် အကောင်အထည်ဖော်နေသည့် National Travel and Tourism Strategy ၏ ရည်မှန်းချက်မှာ အမေရိကန် နိုင်ငံသို့ နှစ်စဉ် ခရီးသွားဧည့်သည် သန်း (၁၀၀) လာရောက်လည်ပတ်ရေး ဖြစ် ပါသည်။