Main menu

Background

ရုရှားနိုင်ငံအား ကုန်သွယ်မှုအခွင့်အရေးအချို့ ပေးအပ်ထားမှုကို ရုပ်သိမ်းကြောင်း အမေရိကန်သမ္မတမှ ဆုံးဖြတ်ချက်ချမှတ်

Thu, 05/29/2014 - 06:49 -- ydnar

 
အမေရိကန်နိုင်ငံမှရုရှားနိုင်ငံသို့ ပေးအပ်ထားသည့်ကုန်သွယ်ရေးအကျိုးခံစားခွင့်ရှိသည့်Generalized System of Preferences(GSP)ကိုရုတ်သိမ်းရန်သမ္မတအိုဘားမားမှဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက်အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်  (USTR) Michael Froman ကကြေ ညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကြေညာချက်တွင်GSP သည် ဖွံ့ဖြိုးဆဲနိုင်ငံများအား ၎င်းင်းတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေ ရန်ကုန်သွယ်မှုအထူးအခွင့်အရေးများပေးအပ်ခြင်းဖြစ်ကြောင်း၊ရုရှားနိုင်ငံသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိ သည့်နိုင်ငံ ဖြစ်ကြောင်း၊ ထို့ကြောင့်ရုရှားနိုင်ငံသည်GSP အခွင့်အရေးများ ဆက်လက်ပေး အပ်ရန်GSP ခံစားခွင့်သတ်မှတ်ချက် များနှင့်ညီညွှတ်မှုမရှိကြောင်း၊ သမ္မတအိုဘားမား၏ ယခုဆုံးဖြတ်ချက်သည် ရုရှားနိုင်ငံအား ''ဝင်ငွေမြင့်မားသည့်နိုင် ငံ''အဆင့် တွင်ကမ္ဘာ့ဘဏ်မှထည့်သွင်းထားခြင်းနှင့်ဥရောပသမဂ္ဂနှင့်က နေဒါနိုင်ငံတို့မှ ရုရှားနိုင်ငံအား ကုန်သွယ်မှုအခွင့်အရေးများပေး သည့် အစီ အစဉ်ကို ရုပ်သိမ်းခြင်းတို့နှင့် ကိုက်ညီ ကြောင်း ဖော်ပြထားပါသည်။