Main menu

Background

လက်ကျန်နည်းလာလို့ တင်ပို့မှု လျော့ကျလာတဲ့ မြေထောက်နဲ့ ထောပတ်ပဲ

Mon, 09/20/2010 - 04:48 -- Anonymous (not verified)

 လက်ကျန်နည်းလာလို့ တင်ပို့မှုလျော့ကျလာတဲ့ မြေထောက်နဲ့ထောပတ်ပဲ    ဝယ်လိုအားကောင်း နေပေမဲ့လက်ကျန်နည်းလာလို့ တင်ပို့မှု လျော့ကျလာတဲ့ ပဲတွေကတော့ ထောပတ်ပဲနဲ့မြေထောက်ပဲ တွေဘဲဖြစ်ပါတယ်။ဂျပန်နဲ့ ကိုရီးယားဝယ်လက်များကအဝယ်ဆက်ရှိနေတဲ့ ထောပတ်ပဲဟာ ယခင်နှစ် ဆောင်းရာသီဥတု ကြောင့်အထွက် လျော့ကျခဲ့တဲ့အတွက် မျှော်မှန်းထားသလောက် မထွက်ရှိခဲ့ဘူးလို့သိရပါတယ်။ ဒါကြောင့် ဖောက်သည်ဝယ်လက်တွေ လိုသလောက်မရပေမဲ့လက်ကျန်တွေ စုစည်းပြီး တင်ပို့နေခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ် (စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်)မှာ ပင်လယ်ရေကြောင်းက ထောပတ်ပဲ ၇၅ တန်ကျော်နဲ့ မြေထောက်ပဲ ၇၆ တန်တင်ပို့ တာတွေ့ရပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ပြောင်းလဲခြင်းမရှိဘဲ ယခင်ရက်များအတိုင်း ထောပတ်ပဲ  FAQ တစ်တန် ကိုကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ၊ မြေထောက်ပဲ FAQ တစ်တန်ကို ကန် ဒေါ်လာ၆၇ဝ-၆၈ဝ ရှိကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာတော့မြေထောက်ပဲဈေး တစ်တန်ကို ရူပီး၂ဝဝဝ ခန့်စီ မြင့်တက်ပြီး polished တစ်တန်ကို ရူပီး ၃၅၅ဝဝ (ကန်ဒေါ်လာ ၇၆၈)၊ unpolished တစ်တန်ကိုရူပီး ၃၄၅ဝဝ (ကန်ဒေါ်လာ ၇၄၆ )ဈေး ဖြစ်လာတယ်လို့ သိရပါတယ်။