ဧရာဝတီဘဏ်လီမိတက်သည် နိုင်ငံတကာငွေပေးချေမှုစနစ်Visa ကုမ္ပဏီနှင့်ပူးပေါင်း၍ ပြည်ပနိုင်ငံများ သို့ သွားရောက်မ ည့် မြန်မာနိုင်ငံသားများနှင့် ပြည်တွင်းကုမ္ပဏီအဖွဲ့အစည်း များမှပုဂ္ဂိုလ်များ နိုင်ငံရပ်ခြားတွင် ငွေထုတ်ယူသုံးစွဲမှု လွယ်ကူစေရန် အတွက်AYA World Travel Card(Visa Prepaid Card) များကို ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မှုမှာ ပြည်ပသို့ သွားရောက်မည့် ပြည်တွင်းမှ ကုမ္ပဏီ အဖွဲ့အစည်းများနှင့်မြန်မာပြည်သူများ ၏ကမ္ဘာ့ဈေးကွက် ဆက်ဆံရေးလိုအပ်ချက်များတွင် လွန်စွာအထောက်အကူ ဖြစ်စေသည့်အတွက် မြန်မာပြည်၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး ၏ မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ထို့ကြောင့် AYA World Travel CArd (Visa Prepaid Card) ကိုင်ဆောင်သူများအနေဖြင့် ခရီးသွား အတွေ့အကြုံသစ်ကို ရရှိခံစားနိုင်မည် ဖြစ်သည်။ဧရာဝတီဘဏ်အနေဖြင့်ကတ်များကို ကုမ္ပဏီတွင်အသုံးပြုသည့် ကတ်များနှင့် တစ်ဦးချင်းအသုံးပြု သည့် ကတ် ဟူ၍ နှစ်မျိုးခွဲခြားကာ ထုတ်ပေး သွားမည်ဖြစ်သည်။အဆိုပါကတ်ထဲသို့ အမေရိကန် ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေ စသည်ဖြင့် ငွေကြေးအမျိုးအစားသုံးမျိုး အထိ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ် သည်။ အဆိုပါကတ်များကို အသုံးပြု ၍ ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော်ရှိ အေတီအမ်ငွေထုတ်စက်များတွင် ငွေ သားထုတ်ယူနိုင်ပြီး ဗီဇာကတ်များကို လက်ခံအသုံးပြုနိုင်သော အွန်လိုင်း ဝက်ဘ်ဆိုက်များ၊ ရှော့ပင်းစင်တာများ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်အခန်းငှားရမ်းခြင်းများအပါအဝင် နေရာအများစုတွင်ကတ်များဖြင့်အလွယ်တကူငွေပေးချေနိုင်ပြီဖြစ် သည်။ ထို့ပြင်အဆင့်မြင့်နည်းပညာဖြစ်သည့်Visa Pay Wave ဖြင့် အလွယ်တကူ Contactless ငွေပေးချေမှုများ ကို ပြုလုပ်နိုင် မည်ဖြစ် သည်။
AYA World Travel Card (Visa Prepaid Card) နှင့်ပတ်သက်၍ စုံစမ်း မေးမြန်းလိုပါက ဖုန်း ၀၉၉၁၀၄၉၂၀၃ သို့ ဆက်သွယ်ေ မးမြန်း နိုင်ကြောင်း သိရသည်။