Main menu

Background

Panansonic အမှတ်တံဆိပ် နောက်ဆုံးပေါ် ပရိုဂျက်တာများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

Thu, 05/29/2014 - 07:12 -- ydnar

ဂန္ဓမာရုံးသုံးစက်လုပ်ငန်းကုမ္ပဏီ လီမီတက်မှတင်သွင်းသည့်Panansonic အမှတ်တံဆိပ် နောက်ဆုံးပေါ်ပရိုဂျက် တာများ မိတ်ဆက်ရှင်းလင်းပွဲ အခမ်း အနားကို မေလ ၁၉ရက်နေ့က ရန်ကုန်မြို့ ရှိ Park Royal  ဟိုတယ်တွင် ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားတွင် Panansonicပရိုဂျက်တာများ၏ အားသာချက်များနှင့် ထူးခြားသောစွမ်းဆောင်ချက်များကို ရှင်းလင်းေြ ပာကြား ခဲ့သည်။

ယင်းပရိုဂျက်တာများသည် မီးလုံးများ တွင်အားသာချက်များရှိပြီး နာရီပေါင်း ၈၀၀၀ အထိ ခံနိုင်ရည်ရှိကြောင်း၊ ထို့ ပင်ပုံရိပ်များ ပြတ်သားစွာ မြင်နိုင်ခြင်း တို့ကြောင့် သင်ကြားရေးဆိုင်ရာကိစ္စ များ၊ ဆေးပညာရပ်ဆိုင်ရာ ကိစ္စရပ်များ ၊ ဟောပြောပွဲ များစသည့်ကိစ္စရပ်များတွင် အသုံးပြုနိုင်ကြောင်း၊ ထို့ပြင်Wifi  ကို အသုံးပြု၍ မိုဘိုင်းဖုန်းအတွင်းမှ ဗွီဒီယို ဖိုင်များကို ပရိုဂျက်တာ များဖြင့် ကြည့် ရှုနိုင်ခြင်းစသည့် အားသာချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ယင်း အခမ်းအနားတွင် Panan-sonic System Asia Pacific Pte. Ltd  မှ တာဝန်ရှိသူတစ်ဦးကGanda-mar Office Machines Ltdိ ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ကြူကြူ အား တရားဝင် ကိုယ်စားလှယ်အဖြစ် ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရ သည်။