Main menu

Background

ဗီယက်နမ်ဆန်စပါးထုတ်လုပ်မှု အနာဂတ်ကို ရာသီဥတုပြောင်းလဲမှုက ခြိမ်းခြောက်နေ

Fri, 05/30/2014 - 04:16 -- ydnar

 
ဗီယက်နမ်က ကမ္ဘာ့ဆန်စပါး ထုတ်လုပ်မှုမှာ ဒုတိယအကြီးဆုံးဖြစ်ပြီး ၈၀ ရာခိုင်နှုန်းကို မဲခေါင်မြစ်ဝှမ်းဒေသမှာ စိုက်ပျိုးပါတယ်။မဲခေါင်မြစ်ဝှမ်းကကျယ်ပြောပြီးရေလွှမ်းမိုးခံဒေသဖြစ်သလိုအာရှတိုက်မြေဆီသြဇာအကြွယ်ဝဆုံးစိုက်ပျိုးရေး နယ်မြေတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေတာနဲ့ ရာသီဥတုပြောင်းလဲ မှုကြောင့် အပူချိန်မြင့်တက် တာတွေ ကြောင့် ဆန်စပါးထုတ်လုပ်မှုရဲ့ အနာ ဂတ်ကို ခြိမ်းခြောက်ခံနေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။
 
ပင်လယ်ကမ်းခြေဒေသနေထိုင်သူလူထောင်ပေါင်းများစွာတို့ရဲ့ မြေယာတွေဆုံးရှုံးသလိုဝင်ငွေလည်းကျဆင်း နေပါ တယ်။ ပင်လယ်ရေငံရဲ့မျက်နှာ ပြင်ကကုန်းတွင်းဘက်ကိုဝင်လာပြီးထရာဗင်းပြည်နယ်တစ်ခုတည်းမှာပင်ဆန်စိုက်ပျိုးထုတ်လုပ်တဲ့ လယ်မြေ ၂၂၀၀၀၀ ကို ခြိမ်းခြောက်လျက်ရှိနေ တယ်လို့ ပြည်နယ်အရာရှိတွေ ပြောပါ တယ်။
ရာသီဥတုကပြည်နယ်စီးပွားရေးနဲ့အထူးသဖြင့်ဆန်စပါးထုတ်လုပ်မှုအပေါ်ပြင်းထန်တဲ့ဂယက်ရိုက်ခတ်မှုကို ဖြစ်ေ စကြောင်းထရာဗင်းပြည်နယ်လယ်ယာစိုက်ပျိုးရေးနဲ့ကျေးလက်ဖွံ့ဖြိုး ရေးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူးထရူရန်မင်ဖန်း က ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့လိုက် လျောညီထွေဖြစ်အောင်ဆောင်ရွက်နိုင်မဲ့ သတင်းအချက်နဲ့ စိတ်ကူးအကြံအ စည်တွေရဖို့ လယ်သမားတွေအတွက်အရေးတကြီးလိုအပ်နေပါတယ်။ဒီစိန်ခေါ်မှုတချို့ကိုဖြေရှင်းနိုင်ဖို့အတွက်ကုလသမဂ္ဂအပြည်ပြည်ဆိုင် ရာလယ်ယာဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့(IFDA) ကဗီယက်နမ်အစိုးရနဲ့လက်တွဲဆောင်ရွက် ပြီး လာမဲ့ ၆ နှစ်အတွင်း ဒေါ်လာ သန်း ၅၀ အသုံးပြုသွားမှာ ဖြစ်ပါတယ်။