Main menu

Background

လွတ်လပ်တဲ့စီးပွားရေးဇုန်ကို ဝင်ရောက်တဲ့စည်းမျဉ်းတွေကို တောင်ကိုရီးယားလျှော့ချ

Fri, 05/30/2014 - 04:47 -- ydnar

 
လွတ်လပ်တဲ့စီးပွားရေးဇုန်ကို ဝင်ရောက်ရာမှာ တည်ရှိနေတဲ့ အတားအဆီးတွေကို တောင်ကိုရီးယားနိုင်ငံက လျှော့ ချပေးပြီးအကျိုးအမြတ်ကိုပြန်လည်ရင်းနှီးမြှုပ်နှံရမယ်ဆိုတဲ့စည်းမျဉ်းကိုဖယ်ရှားပေးခဲ့ကြောင်းကုန်သွယ်ရေးဝန်ကြီးဌာန က မေ ၁၉  ရက် ကပြောပါတယ်။စီးပွားရေးဇုန်လုပ်ငန်းအော်ပရေတာတွေနဲ့ ပဋိဉာဏ်စာချုပ်ချုပ်ဆိုပြီး တောင်ကိုရီးယားရဲ့

လွတ်လပ် တဲ့စီးပွားရေးဇုန်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းထူထောင်နိုင် အောင်ခွင့်ပြုထားကြောင်း ရက်သတ္တပတ်အကုန်မှာ အထူး အစည်း အဝေး ပြုလုပ်ပြီးနောက် ကုန်သွယ်ရေး၊ စက်မှုနဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြော ကြားခဲ့တာဖြစ်ပါတယ်။ ပြီးဆုံးခဲ့တဲ့လေးနှစ်တာကာလအတွင်းမှာစည်းမျဉ်း၅၈ခုအနက် ၁၇ ခုကိုပယ်ဖျက်ပြီးအခြား၁၁ခုကို အစိုးရက ပြုပြင်ပြောင်း လဲခဲ့ကြောင်း ဝန်ကြီးဌာနကပြောပါတယ်။
 
''စီးပွားရေးလုပ်ငန်းသစ်တွေ ထူထောင်ရာမှာ အဟန့်အတားဖြစ်စေတဲ့ သို့မဟုတ် စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ အပို ကျရောက်နေတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့မလိုအပ်တဲ့စည်းမျဉ်းဥပဒေတွေနဲ့လုပ်ထုံးလုပ်နည်းတွေကိုဖယ်ရှားရမယ်ဆိုတဲ့ မူအရ အစည်းအဝေးမှာ သက်ဆိုင်ရာစည်းမျဉ်း ဥပဒေတွေကို ပြန်လည်သုံးသပ်ခဲ့ပါတယ်'' လို့သတင်း ထုတ်ပြန်ချက် မှာ ဖော်ပြ ထားပါတယ်။
လာရောက်လည်ပတ်သူတွေကို ဖြတ်သန်းခွင့်လက်မှတ်မပါဘဲဝင်ရောက်နိုင်ဖို့အစိုးရကစီစဉ်ထားတဲ့အတွက် လွတ်လပ် တဲ့ စီးပွားရေးဇုန် အတွင်းသို့ ဝင်ရောက်ကြည့်ရှုဖို့က လွယ်ကူသွားပါ တယ်။ ဒီလိုဆောင်ရွက် ပေးတဲ့အတွက် လွတ်လပ်တဲ့ စီးပွားရေးဇုန်က တစ်ထောက်ဝင်နားနိုင်ဖို့နဲ့ ကုန် သွယ်မှုအတွက်ဆင့်တက်ပြုပြင်မှုကို လွယ်ကူစေတယ်လို့ ဝန်ကြီးဌာန က ပြောပါတယ်။