Building Trade and Investment Capacity in Myanmar သင်တန်းဖွင့်ပွဲကျင်းပ

Center for Economy , Environment and Society (CEES Myanmar)  မှ ကြီးမှူးကျင်းပသည့် "Building Trade and Investment Capacity in Myanmar"  သင်တန်းဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့လမ်း မတော် မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ UMFCCI  တွင် မေလ ၂၆ ရက် နံနက် ၀၉း၀၀ နာရီမှာ ကျင်းပခဲ့ရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ UMFCCI ဒုတိယဥက္ကဋ္ဌဦးဇော်မင်းဝင်း၊ Center for Economy, Envir-onment and Society (CEES) မှ တာဝန်ရှိသူများResearch and In-formation System for Deve-loping Countries,India, Calcatta University Sussex Univer-sity,Jadavpur University and UNESCAP   မှ တာဝန်ရှိသူများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများတက်ရောက် ခဲ့ကြပါသည်။

 
ဖွင့်ပွဲတွင်စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဒေါက်တာပွင့်ဆန်းမှတက်ရောက် အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် နိုင်ငံတော် တာဝန်များကို ၃ နှစ်ကျော်တာဝန် ယူပြီးနောက် စဉ်ဆက်မပြတ် တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဈေးကွက်စီးပွားရေးစနစ်ကိုချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည် ဆိုင်ရာနှ င့် ဒေသဆိုင်ရာ အသိုင်းအဝိုင်း တွင် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် ကုန်သွယ် မှုမူဝါဒ အသစ် များချမှတ်၍အပြည်ပြည် ဆိုင်ရာကုန်သွယ်မှုချဲ့ထွင်မြှင့်တင်ရေး အတွက် မြန်မာနိုင်ငံအနေဖြင့် အလေး ပေးဆောင်ရွက်နေပြီး စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဖြစ်သောဖြေလျော့ပေးခြင်း၊ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း၊ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းများကို ဆောင် ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ မြန်မာ့စီးပွားရေးကို ပိုမိုဖွင့်လှစ်ပေးခဲ့ သဖြင့် ကျွန်တော်တို့သည်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အလေ့အကျင့်များကိုပိုမိုသိရှိရန်လိုအပ်လာသ လို ကုန်သွယ်မှု ဥပဒေများသည် WTO ၏ ဥပဒေများ သက်ဆိုင်ရာဒေသဆိုင်ရာ အဖွဲ့အစည်း များ၏ စည်းကမ်းများနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ဤကဲ့သို့ ကုန်သွယ် မှုနှင့် သက်ဆိုင်သည့် သင်တန်းများကို ဆက်လက် ဖွင့်လှစ်သွား မှာဖြစ်သလို ဤသင်တန်းသည် ကုန်သွယ်မှုမြှင့်တင် ရေးနှင့် မိမိတို့ပြည်သူများ၏ အပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှုစနစ်နှင့် အညီလိုက်လျောညီထွေဖြစ်စေရန် ပြည်သူများ၏စွမ်းဆောင်ရည်မြင့်မားရေးအတွက် ထိရောက်မှု ရှိစေမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြသည့်သင်တန်း သားများအနေဖြင့် အားစိုက်၍ ထိထိ ရောက်ရောက်လေ့လာ သင်ယူပြီး မိမိ တို့ ဌာနများတွင် ဤသင်တန်းမှရရှိသည့် သင်ခန်းစာများကိုပြန်လည်ဆင့်ပွားမျှဝေနိုင်ရေးအတွက်ဆောင်ရွက်ကြပါရန်တိုက် တွန်းေြ ပာကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်အခြားဝန်ကြီးဌာနများမှအရာထမ်းများ၊ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ မိမိတို့ဝန်ကြီးဌာနမှသင်တန်းသားများစုစုပေါင်းသင်တန်းသား၁၈ဦးတက်ရောက်ခဲ့ကြပြီးသင်တန်းတွင်အပြည်ပြည်ဆိုင်ရာကုန် သွယ်ရေး စနစ် နှင့် သက်ဆိုင်သည့် ဘာသာရပ်များဖြစ် သော ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုMyanmar and South Asia ? International Trade , Regional Integration ?Trade Development,Trade Policy and Regulations  , Trade and Industrial Deve-lopment  ,Trade and Gender , Trade and Competition Applied Analysisကိစ္စများ ကို အသေးစိတ်ရှင်း လင်းသင်ကြားပေးခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို မေလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။