မူဆယ်အဓိကဆန်ဈေးကွက် အရောင်းအဝယ်တိုးလာနေသော်လည်း ကုန်ကားခတွေ တက်နေလို့ မကိုက်ပြန်တဲ့ မြန်မာ့ဆန်
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးမှာ ပေါ်ဆန်းဖျာပုံထိပ်စတစ်အိတ်ကို၂၈၅၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ်ထက် ၁၀၀၀ ကျပ်၊ ပေါ်ဆန်းဖျာပုံလတ်စ တစ်အိတ် ၂၇၀၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ် ထက် ၅၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံ ထိပ်စ တစ်အိတ် ၂၆၅၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ်ထက် ၁၅၀၀ ကျပ်၊ ပေါ် ဆန်းနယ်စုံ လတ်စတစ်အိတ်ကို ၂၆၀၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ်ထက် ၅၀၀ ကျပ်၊ ပေါ်ကျွဲထိပ်စ တစ်အိတ်ကို ၂၁၅၀၀ ကျပ်ဖြစ်ခဲ့ လို့ ယခင်အပတ် ထက်၁၀၀၀ ကျပ်၊ပေါ်ကျွဲလတ်စ တစ် အိတ်၂၀၈၀၀ကျပ်ဖြစ်ခဲ့လို့ယခင်အပတ် ထက် ၇၀၀ ကျပ် အသီးသီးဆန်ချော တွေဈေးပြန်ကျခဲ့ပါတယ်။ထို့အတူဆန်ကြမ်းတွေဖြစ်တဲ့ငစိန်လတ်စတစ်အိတ် ကို ၁၆၃၀၀ ကျပ်ဖြစ်ခဲ့ လို့ ယခင်အပတ် ထက် ၄၀၀ ကျပ်၊ နွေဆန်တစ်အိတ် ၁၆၂၀၀ ကျပ်မှ ၁၆၆၀၀ ကျပ်အတွင်း ဖြစ် ခဲ့လို့ ယခင်အပတ်ထက် တစ်အိတ် ၃၀၀ ကျပ်မှ ၆၀၀ ကျပ်အတွင်း ဈေးပြန် ကျခဲ့တာ တွေ့ရပါတယ်။ ဝါးတန်းဒိုင်သို့ ဆန်အဝင်မှာ ကောင်းနေသော် လည်း အရောင်းအဝယ်နဲ့ ဈေးနှုန်းအနည်းငယ် အေးသွားကြောင်း၊ ဆန်ချောရော
ဆန် ကြမ်းပါ အရောင်းအဝယ်အေး ၊ ဈေး အေးသွားတာဖြစ်ကြောင်း၊ယခင်အပတ်အတွင်း တရုတ်လိုင်းမူဆယ်အတွက် အဆွဲသွက်ခဲ့တဲ့ ဆန်ကြမ်း နွေရှယ်ေ တွ လည်း အနည်းငယ် ပြန်အေး သွားတယ်လို့ သိရပါတယ်။ မူဆယ်မှာ နွေရှယ်ေ တွ ဈေးတက်ခဲ့ပေ မယ့် ရန် ကုန်- မူဆယ်ကားခက တစ်အိတ်ကို ၄၆၀၀ ကျပ်ခန့် ဖြစ်သွားလို့ ယခင်ထက် တစ်အိတ်ကို ၁၀၀၀ ကျပ်ခန့်ကားခဈေး တက် သွားတော့ စီးပွားရေးအရ တွက် ခြေမကိုက်တော့ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ ကြားသိရပါတယ်။ ရန်ကုန်ဈေးကွက်အတွင်း ဧည့် မထ ၂၅ မှတ် (ပြည်ပ) ဆန် တစ်အိတ် (၅၀ ကီလို) ကို ၁၄၅၀၀ ကျပ်-၁၄၆၀၀ ကျပ်ခန့်ရှိပြီး ဈေးရောအရောင်း အဝယ် ပါ ငြိမ်နေကြောင်း၊ EMATA MYANMAR 25 % (Reasonable Well Milled) ကို 320-335 USD/ MT ဈေးနှုန်းများရှိနေသော်လည်း ရန်ကုန်FOB အရောင်းငြိမ်နေတယ်လို့ Exporterအချို့ထံမှ ကြားသိရပါတယ်။ တရုတ်လိုင်း- မူဆယ်မှာ မေလ ၃၀ ရက်နေ့ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ် (နွေရှယ်) တစ်အိတ် (၅၀ ကီလို) ကို ၁၅၀-၁၅၂ ယွမ်ဖြစ်ခဲ့လို့ ယခင်အပတ်ထက် တစ်အိတ်ကို ၄ ယွမ်၊ ဧည့်မထ ၁၀ မှတ်(နွေရှယ်) တစ် အိတ်ကို ၁၄၆-၁၄၉ ယွမ်ဖြစ်ခဲ့လို့ ယခင် အပတ်ထက် ၅ ယွမ်ခန့် အသီးသီးဈေး တက်ခဲ့သော်လည်း ဧည့်မထ ၂၅ မှတ် (ထိုင်း) တစ်အိတ်ကို ၁၃၀-၁၃၂ ယွမ် ဖြစ်ခဲ့လို့ ယခင်အပတ်ထက် ၁ ယွမ်ခန့် ဈေးပြန်ကျခဲ့ကြောင်း၊ ယနေ့ မူဆယ်ရှိ ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၅၄ ဒသမ ၂၀ ကျပ်ဈေးရှိပြီး ယခင်အပတ်ထက် သုည ဒသမ ၁၂ ကျပ်ဈေးကျခဲ့ ကြောင်း၊ ယခုအပတ်အတွင်း မူဆယ်သို့ မြန်မာပြည်တွင်းနယ်စုံမှ ဆန်တန်ချိန် ၁၅၆၄၀ ခန့် ဝင်ရောက်ခဲ့ပြီး ယခင် အပတ်ထက် ဆန်တန်ချိန် ၂၈၉၀ ခန့် ပိုမိုဝင်ရောက်ကြောင်း၊ တစ်ပတ်ထက် တစ်ပတ် မူဆယ်ဈေးကွက်မှာ ဆန် အရောင်းအဝယ် တိုးလာနေပေမယ့် ဆန်ဈေးကတော့ တက်လိုက်ကျလိုက် ဖြစ်နေတာ တွေ့ရကြောင်း၊ မူဆယ်ဆန် ဈေးကွက်ရှေ့အလားအလာမှာ ဗီယက် နမ်လိုင်းဆက်ပိတ်နေပေမယ့် အရောင်း အဝယ်က ပုံမှန်လောက်သာ ဆက်သွား နိုင် ပါကြောင်း မူဆယ်ဆန်ဈေးကွက်မှ ကြားသိရပါတယ်။
မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပ တင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၂၃ ရက်ထိ တန်ချိန် ၁၅၂၇၈၃ ခန့်ရှိပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၅၅ ဒသမ ၄၈၃ သန်းခန့် ရရှိနေပြီး ယခင် ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန် ၂၂၁၄၃ ဒသမ ၉၁ ခန့် တန်ဖိုးအမေရိ ကန် ဒေါ်လာ ၅ ဒသမ ၂၉၇ သန်းခန့် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မြန်မာ့ ဆန်ဈေးကွက်ရဲ့ အဓိကဖောက်သည်ကြီး တရုတ်နဲ့ ဗီယက်နမ်ပြဿနာ ကြောင့် မြန်မာ့ဆန်ကို ပိုဝယ်လာနိုင် တယ်လို့ ဆန်သမားများက ထင်မြင် သုံး သပ်ချက်တွေ ပေးနေပေမယ့် တကယ် တမ်း တင်ပို့တဲ့အခါ တရုတ်ဘက်က တိုးလိုက်၊ ဆုတ်လိုက်လုပ်နေတဲ့ ဆန် ဈေးရယ်၊ မြန်မာပြည်တွင်း မိုးကာလမှာ ကုန်တင်ကားဘီး၊ ဝင်ရိုးအလိုက် တန် ချိန် လျော့ချ သယ်ရတာနဲ့အသွားကုန်၊ အပြန်ကုန်ရရှိမှု၊ မိုးကာလရဲ့ လမ်း ခရီးမှာ ပိုမိုကြန့်ကြာရမှုစတဲ့ အကြောင်း တွေကြောင့် ဆန်သယ်ယူ ပို့ဆောင်ခ တွေ တက်သွားလို့ စီးပွားရေးအရ တွက် ခြေမကိုက်လို့ ထင်သလောက် မပို့နိုင် ဖြစ်နေကြေ ကြာင်း တင်ပြလိုက်ရပါ တယ်။
