Main menu

Background

မေလနောက်ဆုံးပတ် ပြည်ပဲမျိုးစုံဈေးကွက်က ပဲကြီးဈေးပြန်မြင့်လာသော်လည်း မတ်ပဲဈေးဆက်ကျဆင်းခဲ့

Wed, 06/04/2014 - 07:14 -- ydnar

 
မေလ နောက်ဆုံးပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာမတ်ပဲဈေးလျော့သွားပြီးပဲစင်းငုံနှင့်ပဲကြီးသီးနှံဈေးမျာ အနည်း ငယ်ပြန်မြင့်ခဲ့ ကာကုလားပဲဈေးကတော့ ဈေးငြိမ်နေခဲ့တာကို တွေ့ရပါတယ်။ မတ်ပဲသီးနှံမှာမေလလယ်အတွင်း တစ် တင်း ၂၆၀၀၀ ကျပ်ထိဈေးမြင့်ခဲ့လို့ပဲလက်ဝယ်ကျန်သူ တောင်သူအချို့ ထုတ်ရောင်းချသလို အချို့တောင်သူ များကတော့ ဈေးဆက်မြင့် တက် လာ မလား မျှော်လင့်ပြီး ရောင်းချမှုမရှိသေး ဘဲ လက်ကျန်များ သိုလှောင်ထားတယ် လို့ သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ပဲတစ်တင်း၂၄၈၀၀ကျပ်ဖြင့်သာရန်ကုန်ဝယ်လက်များမှနေ့စဉ်ဝယ်ယူမှုရှိလို့တစ် ရက်အိတ် ၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ ပါတယ်။ ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့ နယ်များမှ နေ့စဉ်အိတ် ၃၀၀ ကျော် ဝင်ရောက် လျက်ရှိသော်လည်း ပဲဈေး အေးလို့ မေလလယ်ထက် အရောင်း အဝယ်ဖြစ်မှု အေးသွားခဲ့တာကို တွေ့ရ ပါတယ်။

ပဲစင်းငုံသီးနှံမှာ ပဲဝင်ရောက်မှု လုံးဝမရှိတော့ဘဲ လက်ကျန်ပဲများသာ ရန်ကုန်ဝယ်လက်များမှ ဝယ်ယူတဲ့ အခါ အိတ် ၃၀၀ ကျော်အရောင်းအဝယ် ဖြစ်ပြီးပဲဈေးကတော့တစ်တင်း ၁၉၇၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့တယ်လို့ သိရပါ တယ်။ ယခင်နှစ်က ပဲစင်းငုံဈေးမှာ မတ်ပဲဈေးထက် ဈေးပိုရခဲ့သော်လည်း ယခုနှစ်မှာတော့ မတ်ပဲဈေးကိုမမီဘဲ ဈေးအေးခဲ့တာကို တွေ့ရပါတယ်။ ကုလားပဲသီးနှံမှာလည်း ယခုနှစ် အတွင်း ဈေးအေးနေတဲ့ ပဲတစ်မျိုးဖြစ် နေခဲ့ပါတယ်။ ပဲပေါ်စအချိန်မှစ၍ ဈေး မှာမြင့်တက် လာခြင်းမရှိဘဲ တစ် တင်း ၁၅၀၀၀ကျပ်တစ်ပတ်လည်သာ အခြား တိုင်းသို့လည်း တင်ပို့ရောင်းချခြင်း မရှိ ဘဲ ဒေသတွင်း လက်လီသမားနှင့် ပဲခွဲ စက်သမားများသာ ဝယ်ယူနေကြတာ ကြောင့် တစ်ရက် အိတ် ၃၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ ပါတယ်။ ပဲဝင်ရောက်မှုကတော့ပန်းတောင်း၊ နတ် တလင်းနဲ့ သာယာဝတီခရိုင်၊ လက်ပံ တန်း မြို့နယ်မှလည်း ဝင်ရောက် တယ် လို့ သိရပါတယ်။ ပဲကြီးသီးနှံကတော့ယခုနှစ်မှာယခင်နှစ်ဈေးကိုမမီဘဲ ဈေးအေးခဲ့တယ်။သို့သော်လည်းအခြားပဲများနဲ့ယှဉ်ရင်ေ တာ့ဈေးပိုနေ ခဲ့ပါတယ်။ ယခင် တစ်ပတ်က ပဲကြီးဈေးများ ကျဆင်းခဲ့ပေ မဲ့ယခုတစ်ပတ်မှာတော့ ပဲကြီး ရွှေကျွန်း တစ်တင်း ၂၆၀၀၀ ကျပ်၊ ပဲကြီး ကမ်း နားတစ်တင်း ၂၃၀၀၀ ကျပ်ဖြင့် ပဲအဝင် နည်းပေမယ့် ပဲကြော်ဖို သမားများက တော့ ပုံမှန်အဝယ်ရှိတာကြောင့် အိတ် ၂၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ ပဲကြီးသီးနှံကလည်း ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲမြို့နယ်များမှ အများ ဆုံးဝင်ရောက်ခဲ့ကြပါတယ်။ ယခုမေလအတွင်း ပဲမျိုးစုံဈေးများ ကို လေ့လာရာမှာ ပဲဈေးအားလုံးနီးပါး ယခင်နှစ်ဈေးထက်ဈေးလျော့အရောင်း အဝယ်ဖြစ်ခဲ့ကြပြီး မတ်ပဲသီးနှံတစ်မျိုး သာ ယခင်နှစ်ထက် ဈေးပိုရခဲ့တဲ့ ပဲတစ် မျိုးဖြစ်ကြောင်း သိရပါတယ်။