Main menu

Background

ပြင်သစ်နိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့တွင် သစ်သီးစားသုံးမှုများ ကျဆင်း

Thu, 06/05/2014 - 04:22 -- ydnar

 
၂၀၁၃ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌အိမ်ထောင်စုတစ်စုလျှင်သစ်သီး ၈၂ကီလိုဂရမ်ဝယ်ယူခဲ့ပြီး၂၀၁၂ ခုနှစ်နှ င့် နှိုင်းယှဉ်ပါက ၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် သစ်သီးများကို အိမ်ထောင်စုတစ်စုလျှင် ၄၄ ဒသမ ၇ ကြိမ် ဝယ်ယူခဲ့ပြီး တစ်ကြိမ် လျှင် ၁ ဒသမ ၈၆ ကီလိုဂရမ်ခန့် ဝယ်ယူခဲ့ကာ သစ်သီးများ၏ ပျမ်းမျှဈေး နှုန်းမှာ ၁ ကီလိုဂရမ်လျှင် ယူရို ၂ ဒသမ ၂၁ ခန့်ရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၃ ခုနှစ်တွင် သစ်သီး များ၏ပျမ်းမျှဈေးနှုန်းသည် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းFresh Plaza တွင်  ဖော်ပြထားချက်အရ သိရသည်။

 
ထို့အတူ ဘယ်လ်ဂျီယံနိုင်ငံတွင် လည်း သစ်သီးစားသုံးမှုများ ကျဆင်း လျက်ရှိကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ လူတစ်ဦး ချင်း သစ်သီးစားသုံးမှုနှုန်းသည် ပျမ်းမျှ အားဖြင့် ၄၈ ဒသမ ၈ ကီလိုဂရမ် ခန့်ရှိခဲ့ပြီး ဟင်းသီးဟင်းရွက်စားသုံးမှုနှုန်းသည် ၄၀ ဒသမ ၅ကီလိုဂရမ်ခန့်ရှိခဲ့ပါသည်။ပြည်တွင်းဟင်းသီးဟင်း ရွက်စားသုံးမှုနှုန်းမှာ တည်ငြိမ်လျက်ရှိ သော်လည်း သစ်သီးစားသုံးမှုနှုန်းမှာ တဖြည်းဖြည်းကျဆင်းလျက်ရှိပါ သည် ။''၂၀၀၂ ခုနှစ် (လူတစ်ဦးလျှင် ပျမ်းမျှ ၅၄ ကီလိုဂရမ်) နှင့် ၂၀၁၂ ခုနှစ် (လူတစ်ဦးလျှင် ပျမ်းမျှ ၅၀ ကီလိုဂရမ်'' ဘယ်လ်ဂျီယံနိုင်ငံတွင် ပန်းသီး သည် လူကြိုက်အများဆုံးသစ်သီးဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် လူတစ်ဦးလျှင် ၉ ဒသမ ၂၂ ကီလိုဂရမ်ခန့် စားသုံးခဲ့ပါ သည်။ ဒုတိယလူကြိုက်အများဆုံး သစ်သီးမှာ လိမ္မော်သီးဖြစ်ကာ လူ တစ်ဦးလျှင် ၈ ဒသမ ၆၆ ကီလိုဂရမ် ခန့် စားသုံးခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် ဝယ်ယူမှု အများဆုံး ဟင်းသီးဟင်းရွက်မှာ အာလူးဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် လူတစ် ဦးလျှင် ၆ ဒသမ ၂၆ ကီလိုဂရမ်ဝယ် ယူခဲ့ပါသည်။ ဒုတိယအများဆုံးဝယ်ယူခဲ့ သည့် ဟင်းသီးဟင်းရွက်မှာ မုန်လာဥနီ ဖြစ်ပြီး လူတစ်ဦးလျှင် ၆ ဒသမ ၂၃ ကီလိုဂရမ်ဝယ်ယူခဲ့ပါသည်။ အသက် ငယ်ရွယ်သောမိသားစုများသည် သခွား သီးများ၊ ငရုတ်ပွများနှင့် ချယ်ရီခရမ်း ချဉ်သီးများအား အဓိကရွေးချယ် ဝယ်ယူခဲ့ကြပြီး အသက်အရွယ်ကြီး သောမိသားစုများသည် နံနံပင်များ၊ ပဲများ၊ ချီကိုရီနှင့် ကညွတ်ဖြူတို့ကို အဓိကရွေးချယ်ဝယ်ယူခဲ့ကြကြောင်း ဘယ်လ်ဂျီယံအခြေစိုက် gfk Panel Services  က ပြုလုပ်ခဲ့သော စစ်တမ်း တစ်စောင်အရ သိရှိရပါသည်။