Main menu

Background

အမေရိကန်နိုင်ငံ ကျေးလက်ဒေသရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေအစီအစဉ်များ

Thu, 06/05/2014 - 04:32 -- ydnar

 
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဝန် ကြီးဌာန၏ ကျေးလက်ဖွံ့ဖြိုးတိုးတက် ရေးဌာနသည် နိုင်ငံတစ်ဝန်းရှိ ကျေး လက်ဒေသမှ အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အ လုပ်အကိုင်များရရှိနိုင်ရန်၊ ကျေးလက် ဒေသများတွင် စီးပွားရေးနှင့် ပတ်ဝန်း ကျင်အခြေအနေတို့ တိုးတက်စေရန် ရည်ရွယ်၍  "Business and Industry Guaranteed Loans(B&I)"  ချေး ငွေအစီအစဉ်ကို အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ချေးငွေရယူလျှောက်ထားရန် သတ် မှတ်ချက်များ
 
သမဝါယမအသင်းများ၊ ကော်ပို ရေးရှင်းများ၊ အစုစပ်လုပ်ငန်းများနှင့် ဥပဒေနှင့်အညီ တည်ထောင်ထားသည့် အကျိုးအမြတ်အတွက် ရည်ရွယ်သည့် လုပ်ငန်းများ သို့မဟုတ် အကျိုးအမြတ် အတွက် မရည်ရွယ်သည့် လုပ်ငန်းများ၊ အင်ဒီးယန်းမျိုးနွယ်စုများ၊ဖယ်ဒရယ်အစိုးရအသိအမှတ်ပြုလူမျိုးစုများနှင့်ပုဂ္ဂလိကများသည်အဆိုပါ B&I ချေး ငွေ အစီ အစဉ်သို့ ချေးငွေလျှောက်ထားနိုင်ပါသည်။ချေးငွေလျှောက်ထားမည့် လုပ်ငန်းသည် အောက်ပါအချက်အ လက်များနှင့် ကိုက်ညီရမည်ဖြစ်ပါ သည်- -    အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ - စီးပွားရေးဝန်းကျင် သို့မဟုတ် သဘာ၀ ပတ်ဝန်းကျင် အခြေ အနေ ဖွံ့ဖြိုး တိုးတက်စေရန် အထောက်အကူပြုခြင်း၊ -    ရေလုပ်ငန်းနှင့်စပ်လျဉ်း၍ ပတ် ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့်ရေအသုံးပြုရေးတို့ကို တိုးမြှင့်ဆောင်ရွက်ခြင်း(သို့မဟုတ်) နေရောင်ခြည်သုံးစွမ်းအင်စနစ် များနှင့် အခြားသော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်များတပ်ဆင်ခြင်း၊ဖွံ့ဖြိုး တိုးတက်စေရန် အားပေးဆောင်ရွက်ခြင်းဖြင့် စွမ်း အင်အပေါ်မှီခိုမှုကိုလျော့ချခြင်း B&I ချေးငွေအစီအစဉ်သို့ ချေး ငွေလျှောက်ထားရယူလိုသည့် ပုဂ္ဂိုလ် သည် အမေရိကန်နိုင်ငံသား သို့မဟုတ် ဥပဒေနှင့်အညီ ဝင်ရောက်လာပြီး အမြဲ နေထိုင်ခွင့်ရရှိထားသူဖြစ်ရန် လိုအပ်ပါ သည်။ ကော်ပိုရေးရှင်းများ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းများ သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့်မူ လုပ်ငန်း၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ကိုအမေရိကန်နိုင်ငံသားများသို့မဟုတ် ဥပဒေနှင့်အညီဝင်ရောက်လာပြီး အမြဲ နေထိုင်ခွင့်ရရှိထားသူများမှ ပိုင်ဆိုင်ရန် သတ်မှတ်ထားပါသည်။ B&Iချေးငွေကိုမြို့ကြီးများနှင့် လူဦးရေ ၅၀၀၀၀ နှင့်အထက်မြို့ငယ်များ သို့မဟုတ် မြို့ပြ ဒေသများနှင့် ထိစပ်နေသည့်မြို့များ၊ ဒေသများမဟုတ်သည့်ကျေးလက်ဒေသ များမှ စီးပွားရေး လုပ်ငန်းများ၊ အဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကများအား လျှောက်ထားခွင့်ပြုပါသည်။ ယေဘုယျအားဖြင့်ကျေးလက်ဒေသ ရှိအသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ သည် အောက်ဖော်ပြပါကိစ္စရပ်များအ တွက် ချေးငွေလျှောက်ထားနိုင်ပါသည်- -    စီးပွားရေးလုပ်ငန်းများ၊စက်မှု လုပ် ငန်းများအနေဖြင့်လုပ်ငန်းပိတ်သိမ်း  ရခြင်း၊ ဝန်ထမ်းများကို အလုပ်မှ ရပ်နားစေခြင်းစသည့်အခြေအနေ များတွင် ချေးငွေရရှိခြင်းဖြင့် လုပ် ငန်းဆက်လက် လည်ပတ်နိုင်ရန် သို့မဟုတ် အလုပ်အကိုင်အခွင့် အလမ်းများတိုးချဲ့ဖန်တီးပေးခြင်း၊ -    စီးပွားရေးလုပ်ငန်းပြောင်းလဲ ခြင်း၊   တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း၊ခေတ်မီစေ ရန် ဆောင်ရွက်ခြင်း၊ -    မြေ၊အဆောက်အအုံနှင့် လုပ်ငန်း အတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူခြင်း၊ -    စက်ပစ္စည်းကိရိယာများ၊ စက် များ စသည်တို့ ဝယ်ယူခြင်း၊ချေးငွေပမာဏကန့်သတ်ချက်များ
ချေးငွေအတွက်  Percentage of Guarantee   သည် ချေးငှားသူနှင့် အေ ဂျင်စီတို့အကြား ညှိနှိုင်း သဘောတူ သည့် နှုန်းတစ်ရပ်ဖြစ်ပြီး ချေးငွေဒေါ်လာ ၅ သန်းနှင့်အောက်ဆိုပါက Percentage of Guarantee သည် အမြင့်ဆုံးဒေါ်လာ ၅ သန်းဖြစ်ပြီး ချေးငွေဒေါ်လာ ၅ သန်းနှင့် ၁၀သန်းအကြားဆို ပါက၇၀ ရာခိုင်နှု န်းနှင့် ချေးငွေဒေါ် လာ ၁၀ သန်းကျော်ပါက ၆၀ ရာခိုင် နှုန်းဖြစ်ပါသည်။ ချေးယူသူလုပ်ငန်း/အဖွဲ့အစည်း/ ပုဂ္ဂိုလ်တစ်ဦးသို့ ဒေါ်လာ ၁၀ သန်း ထက် မပိုေ သာ ချေးငွေ သာ ထုတ်ေ ပး နိုင်ပြီး အချို့သောအခြေအနေများတွင် သာ ဒေါ်လာ ၂၅ သန်းအထိ ထုတ်ချေး နိုင်ပါသည်။ စိုက်ပျိုးရေးဝန်ကြီး၏ အ တည်ပြုချက်ဖြင့် တန်ဖိုးမြှင့်စိုက်ပျိုးရေး ထုတ်ကုန်များ ကို ပြုပြင်ထုတ် လုပ်သော ကျေးလက် သမဝါယမ အသင်းများအား ဒေါ်လာ ၂၅ သန်းမှ သန်း ၄၀ အထိ ချေးယူခွင့်ပြုပါသည်။ချေးငွေကာလ၊ အတိုးနှုန်းနှင့် ချေး ယူမှုပုံစံသတ်မှတ်ချက်များ ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလများကို သတ်မှတ်ချက်များပြဋ္ဌာန်း ထားရာ အိမ်ခြံမြေအတွက် ချေးငွေရ ယူထားသူများသည် နှစ် ၃၀ ထက် မပို သောကာလအတွင်း ပြန်လည်ပေးဆပ် ရမည်ဖြစ်ပါသည်။ စက်နှင့် စက် ပစ္စည်း ကိရိယာများဝယ်ယူရန် ချေးငွေရယူ ထားသူများသည် အဆိုပါစက်များနှင့် စက်ပစ္စည်းကိရိယာများ၏ အသုံးပြုနိုင်သည့်သက်တမ်းကာလ သို့မဟုတ် ၁၅ နှစ်ထက်မကျော်လွန်ဘဲ ပြန်လည်ပေး ဆပ်ရပါမည်။ လုပ်ငန်း ရင်းနှီးငွေ အ တွက်မူ ခုနစ်နှစ်ထက် မကျော်ဘဲ ပြန် လည်ပေးဆပ်ရန်သတ်မှတ်ထားပါသည်။
guaranteed loan  အတွက်အ တိုးနှုန်းသည် ချေးငှားသူနှင့် ချေးယူလို သူတို့အကြား ညှိနှိုင်းပြီး ပုံသေနှုန်း သို့မဟုတ် နှုန်းရှင်ဖြင့်သတ်မှတ်နိုင်ပါသည်။ နှစ်ဖက်သဘောတူသည့်အတိုးနှုန်းကို အေဂျင်စီ၏သုံးသပ်အတည်ပြုချက်ရယူ ရန်လိုအပ်ပါသည်။နှုန်းရှင်အားပြင်ဆင် ပြောင်းလဲနိုင်သော်လည်း ၃ လတစ်ခါ ထက် မပိုရန် သတ်မှတ်ထားပါသည်။
ချေးငွေလျှောက်ထားရာတွင် အ ပေါင်ပစ္စည်း (collateral) ထားရှိရန် နှင့် ယင်းအပေါင်ပစ္စည်းတန်ဖိုးအား စာ ရွက်စာတမ်းများ အထောက်အထား များနှင့်အတူ တင်ပြရန်လိုအပ်ပါသည်။ ပုံမှန်အားဖြင့် တန်ဖိုးလျော့ထားသည့် အပေါင်ပစ္စည်းတန်ဖိုး  (discounted collateral value)သည် ချေးငွေပမာ ဏနှင့် အနည်းဆုံးတူညီရပါမည်။ ချေး ငှားသူများသည် အပေါင်ပစ္စည်းအားသင့်တော်သည့်loan-to-value policy နှင့်အညီတန်ဖိုးလျော့တွက် ချက်မည်ဖြစ် ပါသည်။ ငွေထုတ်ချေးသူနှင့်ပတ်သက်၍အာမခံပေးသူအဖြစ်ဆက်လက်ရပ်တည်နိုင်ရန် ငွေချေးငှားသူက စိုက်ပျိုး ရေး၀ န်ကြီးဌာနသို့ နှစ်စဉ်သက်တမ်းတိုး ကြေးပေးဆောင်ရန် လိုအပ်ပါသည်။လေ့လာတင်ပြချက်
အထက်ဖော်ပြပါ "Business and Industry Guaranteed Loans (B&i)  ချေးငွေအစီအစဉ်ကို လေ့လာ ရာတွင် မြို့နှင့် အလှမ်းဝေးပြီး မြို့ငယ် ကလေးများမှ တစ်ဦးတည်းပိုင်လုပ်ငန်း နှင့် ဖက်စပ်လုပ်ငန်းများအတွက်သာ အဓိကရည်ရွယ်သည့်လုပ်ငန်းများဖြစ်ပါသည်။ထို့အပြင်ချေးငွေများဖြင့်ဒေသတွင်းအလုပ်အကိုင်ဖန်တီးရေး ၊ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများ ဆောင် ရွက်ရေးတို့အတွက်ကန့်သတ်ချက်များထည့်သွင်းပြဋ္ဌာန်းထားကြောင်းတွေ့ရှိရပါ သည်။ သို့ဖြစ်ပါ၍ အစိုးရတစ်ရပ်အ တွက်အရေးကြီးသည့်မူဝါဒများဖြစ်သည့်အလုပ်အကိုင်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ တွင်B&l    အစီအစဉ်အရစိုက်ပျိုးရေးဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့်ပုဂ္ဂလိကဘဏ္ဍာရေးအဖွဲ့အစည်းများ၏လုပ်ငန်းများနှင့် ကျေး လက်ဒေ သများမှ စီးပွား ရေးလုပ်ငန်းများကို ပေါင်းကူးဆောင် ရွက်အကောင်အထည်ဖော်စေခြင်းဖြင့် အစိုးရ အတွက် ဘတ်ဂျက်အခက်အခဲ များကို လျော့ချနိုင်သည့်အပြင် ပုဂ္ဂလိ ကဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် စီး ပွားရေး လုပ်ငန်းများအတွက်လုပ်ငန်း များတိုးချဲ့လည်ပတ်နိုင်သည့် အခွင့်အ လမ်းကောင်းများ ဖန်တီးပေးနိုင်သည့် အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း လေ့လာ တင်ပြအပ်ပါသည်။