ကျွေးတာကိုလည်း ဝအောင်စားလို့ . . . ပေးတာကိုလည်း ရအောင်ယူနိုင်ကြပြီ
''ကျွေးကာကျွေး၏မဝ၊ ပေးကားပေး၏မရ'' ဆိုတဲ့ စကားပုံကိုကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများ နား ရည်ဝနေကြသူတွေများပါလိမ့်မယ်။ ဘာကိုဆိုလိုတာလဲ။ ဘာကိုပြောချင်တာလဲ။ကျွေးတယ် မဝဘူး...ပေးတယ် မရ ဘူး။ ကျွေးသူရှိရဲ့သားနဲ့မဝဘူး။ ပေးသူရှိရဲ့သားနဲ့ မရဘူး။ ဒီနေရာမှာ တစ်ခုခုလိုနေ တာပေါ့။ ကျွေးသူ ကကျွေး တယ်။ စားသူက မစားတတ်ဘူး။ ဒါကြောင့် မဝတာလား။ ကျွေးသူက ဟန်ပြအဖြစ် ကျွေးလို့ စားသူမ၀ တာလား။ ထိုနည်းတူစွာပါပဲ။ ပေးသူကပေးတယ်။ ယူသူက မယူတတ်လို့မရတာလား။ ပေး သူက ဟန်ပြအဖြစ်ပေးလို့ ယူသူမရတာလားဆိုတာတွေဟာ စဉ်းစားစရာများဖြစ်ပါတယ်။
ကျွန်တော်တို့ အမိမြန်မာနိုင်ငံဟာ လယ်ယာ စိုက်ပျိုး ရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံပါ။ သူ့မြေနေရာဒေသနဲ့ ကိုက်ညီတဲ့ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ဥပမာ-ဧရာဝတီဆိုရင် မြန်မာနိုင်ငံရဲ့စပါးကျီ၊ မကွေးတိုင်း ဆိုရင် အညာဒေသရဲ့ ဆီအိုးကြီး၊ နောက်ပိုင်း စစ်ကိုင်းတိုင်း ရွှေဘို ဆိုရင် အညာစပါးကျီစသည်စသည်ဖြင့် နာမည် တစ်ခုအဖြစ် အမည်တွင်ခဲ့ကြပါတယ်။ အဓိကသီးနှံ ၁၀ မျိုးရဲ့ ပန်းတိုင် အထွက်တွေ သတ်မှတ်လို့ နည်းပညာပိုင်း နည်းစနစ်ပိုင်း ဆို တာတွေကို နိုင်ငံတော်အနေနဲ့လည်း ဘယ်ခေတ် ဘယ်စနစ် မှာမဆို သူ့နည်းသူ့ဟန် သူ့အတိုင်း အတာနဲ့သူ ပံ့ပိုးပေးခဲ့၊ နည်းပေးလမ်းပြပြုလုပ်ခဲ့ကြတာတွေ ဖြတ်သန်းလာကြတဲ့ သူ တိုင်း အသိဖြစ်ပါတယ်။ စပါး တစ်တင်း တင်း ၅၀၊ ၆၀ ကနေ ရာပြည့်အောင်၊ ရာကျော်အောင် လမ်းညွှန်မှုပြုလုပ်ခဲ့ကြတာ တွေ ပုံမှန်စိုက်နေကြ အနေအထားကနေ စပါးကိုနွေစပါး စိုက်ဖြစ်အောင်၊ စိုက်တတ်အောင် ဆောင်ရွက်ခဲ့ကြလို့ တိုင်း ပြည်ရဲ့ အဓိက စားသုံးသီးနှံဖြစ်တဲ့ဆန်စပါးကို လှည့်မကြည့်ဘဲ နေနိုင်စားနိုင်ကြတာတွေဟာလက်တွေ့သာဓကတွေပဲ မဟုတ် ပါလား။ ကိုယ့်နိုင်ငံ ရေမြေသဘာဝနဲ့ ကိုက်ညီတဲ့၊ ဆီလျော်တဲ့ အသီးအနှံကို စိုက်ပျိုးထုတ်လုပ်တယ်။ ပြည်တွင်းမှာ စားသုံးတယ်၊ပိုလျှံတော့ လိုအပ်တဲ့နိုင်ငံများနဲ့ ချိတ်ဆက်တင်ပို့ ရောင်း ဝယ်ကြ တယ်။ ပြည်တွင်း ဖူလုံရုံမ က ပြည်ပ ဝင်ငွေပါ ရရှိနေ တာဆိုတော့ အထွက်တိုးဖို့ ပိုမိုထွက်ရှိဖို့ လိုအပ်တာပေါ့။ဒါကြောင့် ဘယ်နိုင်ငံမဆို ကိုယ့်ပြည်တွင်း မှာစိုက်ပျိုးတဲ့သီးနှံ ပိုမိုထွက်ရှိအောင် ဆောင်ရွက်လုပ်ကိုင်ပေးနေတာမဟုတ်ပါ လား။နိုင်ငံတိုင်းလုပ်ဆောင်ကြရမဲ့ မလွှဲမရှောင်သာတဲ့ တာဝန် တစ်ရပ်မဟုတ်ပါလား။စိုက်ပျိုးထုတ်လုပ်ကြတဲ့တောင်သူလယ် သမား များဆိုတာ အများ အားဖြင့်တော့ဆင်းရဲနွမ်းပါးကြတဲ့လူတွေကများပါတယ်။တစ်မိုးတစ်ရေမဆုံးစေဘဲရာသီဥတုနဲ့ချိန်လို့ညှိလို့စိုက်ပျိုးကြရ ပါတယ်။ ခေတ်ကာလအရ ပေါ်ပေါက်လာကြရတဲ့သွင်းအားစုများဖြစ်တဲ့မြေဆီပေါင်းသတ် ဆေး၊ ပိုးသတ်ဆေး၊ အသီးအရွက်အားတိုးဆေးများစသဖြင့် ဝယ်ယူအသုံးပြုကြရပါတယ်။
ဒီတော့အရင်းအနှီးလိုတယ်။ ရပ်ထဲရွာထဲနီးစပ်ရာ ဆွေ မျိုးမိတ်ဆွေအပေါင်းအသင်းတွေ ဆီမှာ ရွှေပေါင် ၊ ငွေတိုးချေးကြရပါတယ်။ ရွှေပေါင်၊ ငွေတိုးဆိုမှတော့ အတိုးပေးကြ ရတာပေါ့ဗျာ ။ နေရာဒေသလိုက် လို့ ရွှေပေါင်ေ ပး ရင် ငွေ ၁၀၀ ကျပ်ကို အတိုး ၃ ကျပ်၊ ၅ ကျပ်ပေးရတယ်။ အလွတ် ဆိုရင်ငွေ ၁၀၀ ကျပ်ကို ၁၀ ကျပ်၊ ၂၀ကျပ် အတိုးပေးနေရ ပါတယ်။ နိုင်ငံကျော် တရားဟောဓမ္မကထိကများ ဟော ကြားခဲ့ကြသလို ဒါနခန်းမှာ ''မရှိလို့မလှူ၊ မလှူလို့မရှိ''ဆိုတဲ့ သံသရာလည်ပတ်နေသလို တောင်သူများအဖို့ ''မရှိလို့ ငွေ တိုးယူ ငွေတိုးကြောင့်မရှိ'' ဆိုတဲ့ သံသရာမှာလည်ပတ်နေ ကြရတာပါ။ဒါတွေကိုလည်း နိုင်ငံတော်အပိုင်းကသိပါတယ်။ ဒါကြောင့်လည်း တတ်နိုင်တဲ့ အပိုင်းက ဖြည့်ဆည်းပေးနိုင်တဲ့အပိုင်းက ဖြည့်ဆည်းပေးနေပါတယ်။ နိုင်ငံတော်က စိုက်ပျိုး ထုတ်လုပ်ကြ တဲ့ တောင်သူလယ်သမားတွေကို ငွေ ၁၀၀ ကျပ် အတိုးတစ်လ ၇၁ ပြားကနေ အခုဆိုရင် အတိုး တစ်လ ၄၂ ပြား အထိ လျော့ချဆောင်ရွက်ပေးနေပါပြီ။ ကောမတ်စ်ဂျာနယ်အတွဲ(၁၄) အမှတ်(၁၉)ထဲမှာတစ်နိုင်ငံ လုံးသို့ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၀၃၇ ဒသမ ၉၇ ဘီလီယံကိုမိုးစပါးစိုက်ပျိုးချိန်အမီဇွန်လပထမပတ်မှစတင်ကာ ထုတ်ချေးမဲ့ အကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘ ဏ် က ထုတ်ပြန်တယ်လို့ဖတ်ရပါတယ်။ ယခင်နှစ်က မိုးစပါးအတွက် ကျပ် ၉၃၃ ဒသမ ၉၇ ဘီလီယံ ထုတ်ချေးခဲ့ေ ကြာင်း စိုက်ပျိုး စရိတ်ချေးငွေကို အချိန်မီထုတ်ချေးစေလိုကြောင်း၊ အစိုးရ ချေးငွေကအပြင်မှာချေးရတာ ထက်စာရင် အတိုးနည်းတဲ့အတွက်အဆင်ပြေပါကြောင်း၊ကာလတိုချေးငွေဖြစ်တဲ့အတွက်အဆင် ပြေမှုနည်းေ ကြာင်း၊ နှစ်လတ်ေ ချးငွေနဲ့ နှစ်ရှည်ချေးငွေမျိုးတွေ ထုတ်ချေးနိုင်ရင်တော့တောင်သူလယ်သမား အကျိုးစီးပွား ပိုမို အထောက် အကူဖြစ် မှာဖြစ်ကြောင်း၊ အချို့ကလည်း လယ် သမားတွေကို ငွေချေးရာမှာ ၁၀ ဧကထဲ ချေးမဲ့အစား ဧက ၂၀ ဒသမ ၃၀ ထိပိုင်တဲ့ လယ်သမားတွေကို အနည်းဆုံး ဧက ၂၀ အတွက် ထုတ်ချေးစေလိုကြောင်း ပြောတာတွေကို လင်းလင်း ဒျွဗြဒ ရဲ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှမိုးစပါးစိုက်ပျိုး စရိတ်ချေးငွေကျပ် ဘီလီယံ ၁၀၀၀ ကျော် ထုတ်ချေးမယ်ဆို တာကို ဖတ်လိုက်၊ မှတ်လိုက်ရပါတယ်။ ဝမ်းသာစရာ၊ ဂုဏ်ယူ စရာသတင်းတွေပေါ့ဗျာ။
ကောင်းပြီ၊ဒီနေရာမှာလာပြီ''ကျွေးကားကျွေး၏ မဝ၊ ပေး ကား ပေး၏မရ'' အတိုးနှုန်းနည်းပါးစွာဖြင့် ထုတ်ချေးမှာ က စိုက်ပျိုးစရိတ်ချေးငွေ ဒီစာစုရဲ့ပထမပိုင်းမှာ တင်ပြထားသလို အရင်းအနှီးနည်းပါးတဲ့တောင်သူတွေကို အထောက် အကူ ဖြစ် အောင်အရင်းအနှီး၊ အတိုင်းအတာတစ်ခုရအောင် ထုတ်ချေး ပေးမယ်။ ဒီချေးငွေတွေကို တကယ်ရော၊ စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာထည့်နိုင်၊ရင်းနှီးနိုင်ကြသလား၊ဆန်းစစ်စေချင် ပါတယ်။ ကျွန်တော်တို့ တစ်တွေနယ်တွေ မှာ တာဝန်ထမ်း ဆောင်ခဲ့တုန်းက အတွေ့အကြုံလေးတွေတင်ပြရရင် ဒီကနေ့ ဘယ်ကျေးရွာအုပ်စုက ဘယ်ရွာတွေ ကိုစိုက်ဘဏ်ကစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှာတဲ့၊လာကြပါပြီ။ မနက် ၉ နာရီ လောက် ရုံးချိန်အမီ ကားကြီးတစ်စီး နဲ့အပြည့် ယောကျ်ား၊ မိန်းမ၊ ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ် အစုံပဲဗျာ။ သူ့ အစုနဲ့သူ၊ သူ့အုပ်နဲ့သူ၊ တူရာတူ ရာ၊ညီရာညီရာစုစုစည်းစည်းထိုင်လို့ဆေးလိပ်သောက်ကြ၊ကွမ်းစားကြနဲ့နေလေးနည်းနည်းမြင့်လာတော့ ယောကျ်ားေ လး အုပ်စုကတူရာတူရာသွားကြပါပြီ။အရက်ဆိုင်၊သောက်ကြစားကြ၊ မူးကြ အစပိုင်း ကတော့ ဒီရွေ့ဒီမျှလောက်ပဲ ဆိုရင်တော်ကြမယ်လို့သတ်မှတ်ထားကြပေမဲ့ဗိုက်ထဲအရက်ကလေးဝင်လာပြီဆိုတော့''ဟိတ်..ချကွာ၊မြို့ရောက်တုန်း ငွေထုတ်တုန်း ငွေ ကလေး မြင်ရတုန်း မိုးမမြင်လေမမြင်ပေါ့''အရက်မသောက်ရင် တောင်မှ လက်ဖက်ရည်ဆိုင်ကို အနည်းဆုံး ရောက် ပါတယ်၊
အမျိုးသမီးအုပ်စုကတော့ ဈေးနည်းတဲ့ အစားအစာ လေးစား၊ သားအတွက်၊ သမီးအတွက် အင်္ကျီစလေး လုံခြည် လေးဝယ်လို့ စိုက်ပျိုးတဲ့နေရာမှာ လိုအပ်တဲ့သွင်းအားစု တွေထည့်ဖို့ ချေးငွေထုတ်နေတာ၊ ဗိုက်ထဲသွင်းတဲ့ သွင်းအားစု၊တစ်လွဲတွေဖြစ်ကုန်ပါပြီ။ရွာတစ်ရွာကမိတ်ဆွေတစ်ဦးကတော့ ပြောဖူးပါတယ်။ ဆရာတို့မြို့ကလူကြီးေ တွ ငွေလာချေး ပေးတာ၊ ညနေပိုင်းတစ်ပိုင်းလုံး အရက်ဆိုင်ရောင်းလို့ကောင်း ပြီး ရွာထဲ ခွေးတစ်စီစီနဲ့ပါဗျာ။ တကယ် ကြုံတွေ့ခဲ့ ရတဲ့အဖြစ် မှန်တွေပါ။ နိုင်ငံတော်က ရည်ရွယ်ချက်ကတစ်မျိုး၊ ဖြစ်နေတာ က တစ်ဖုံပါ။ လယ်တစ်ဧက စိုက်ပါတယ်။ ပုံမှန်တင်း ၇၀-၈၀ ထွက်တဲ့ ကြားထဲမှာ ပိုးကျလို့ မျိုးပါမရတဲ့ ဘဝမျိုးတွေဖြစ်သွားနိုင် တယ်။ ဒီလိုအတိုးနှုန်း နည်းနည်းနဲ့ ထုတ်ချေးပေးလိုက်တယ်။ သဘာ၀ ဘေးအန္တရာယ်လည်း ကာကွယ်ပြီးဖြစ်သွား မယ်။လိုအပ်တဲ့ အပင်ပွား၊ အတက်ထွက်အသီးအနှံပိုဖြစ်ထွန်းလို့ အစေ့အဆန်ပိုရစေချင် တာ။စိုက်ပျိုးစရိတ်ထုတ်ချေး တဲ့ အကျိုး ကြောင့် သွင်းအားစုကောင်းကောင်းသုံးနိုင်ကြရင် ခါတိုင်း တင်း ၇၀-၈၀ ကနေ ဒီနှစ်အဖို့ တင်း ၉၀-၁၀၀၊ ၁၀၀ ကျော် ရပြီဆိုတော့ ဒီတောင်သူတွေပဲရတာ။ ဒီတော့ ခါတိုင်းနှစ် ထက် သီးနှံအထွက်တိုးသလို ပိုလို့ရောင်း ချရမဲ့ အစေ့အဆန် ကရတဲ့ငွေ ပိုသုံးစေချင်တာ။ ခုတော့ ခုတ်ရာတစ်လွဲ ရှရာ တစ်ခြား ဖြစ်မကုန်ပေဘူးလား။ လာ ပါပြီ၊ ကျွေးကားကျွေး၏ မဝ၊ ပေးကားပေး၏မရဆိုတဲ့ စကားပ၊ုံ ဘာဖြစ်လို့ မဝတာလဲ၊ ဘာဖြစ်လို့ မရတာလဲ ဆိုတာ တွေ့လာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဥစ္စာစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဒီနိုင်ငံ ရဲ့ရေ၊မြေ၊လေ၊သစ်တောထွက်စိုက်ပျိုး ထုတ်ကုန်တွေ ပေါ ပြည့်၀ နေမှသာ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာ အမြဲတန်းမှန် နေတဲ့ သဘာဝတရား တစ်ခုပါ။ ရေရှိ တယ်။ စိုက်ပျိုးဖို့မြေ ရှိနေတယ်။ နည်းပညာအသစ်အဆန်းတွေ ဆိုတာကလည်း တိုးတက်လာတဲ့ လူဦးရေအရ လိုအပ်တဲ့ရိက္ခာတွေဆိုတာ တွေအရ အမြဲတမ်းပေါ်ပေါက်နေပါတယ်။ သိသာထင်ရှားတဲ့ ဥပမာတစ်ခုကိုပြပါရစေ။ ကျွန်တော်တို့ ငယ်စဉ်တုန်းက ပန်းသီးဆိုတာမျိုးဟာဠှုဏ စာ၊ သူဋ္ဌေးစာ၊ လူမမာစာလို့ သတ် မှတ်ရလောက်အောင် ရှားပါတယ်။ အခုခေတ်အနေအထား ဘယ်သူဝယ်စားချင်သလဲ၊ ရာသီလိုက်လို့ ဈေးအတက်အကျ တစ်ခုသာရှိ မယ်။လူတိုင်းဝယ်ယူစားသုံးလို့ရအောင်ကို ပေါ် နေပါပြီ။ ဒါဟာ ထုတ်လုပ်မှုပုံမှန်နေရာမှာ နည်းပညာတစ်ခု တိုး လိုက်တာနဲ့ ပိုထွက်ရှိလာတယ်။ လူတိုင်းစားသုံးနိုင်တယ် ဆိုတာ မငြင်းနိုင်ပါဘူး။ ဒီတော့ ထွက်ကုန်ဆိုတာ ရှိရမ ယ်။ပိုလည်းထွက်ရမဲ့အခြေအနေမှာ စိုက်ပျိုးထုတ်လုပ်ကြတဲ့ ကျွန်တော်တို့ကျေးဇူးရှင် အမိအဖ တောင်သူ လယ်သမား ကြီးများအနေနဲ့ ကျွေးတာကိုလည်းဝအောင် စားနိုင်ကြပါစေ။ ပေးတာကိုလည်း ရအောင် ယူနိုင်ကြပါေ စ။ ကျွေးတာကို ဝအောင်စားလို့ ပေးတာကိုရအောင်ယူနိုင်ကာ ထွက်ကုန်များ လည်း ဒီထက်မက တိုးမြှင့်ထုတ် လုပ်နိုင် ကြပါစေလို့ ဆန္ဒပြု လျက် ...။
