Mobile Money စနစ်စတင်နိုင်ရေးအတွက် အော်ရီဒူးနှင့် စီဘီဘဏ်တို့ ပူးပေါင်းလုပ်ဆောင်မည်
မိုဘိုင်းဖုန်းမှတစ်ဆင့်ငွေလွှဲပြောင်း နိုင်မည့် Mobile Money စနစ်ကို အော်ရီဒူးမြန်မာက စီဘီဘဏ်နှင့်ပူး ပေါင်းကာ အကောင် အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အော်ရီဒူးမြန်မာမှအကောင်အထည်ဖော်မည့်မိုဘိုင်းမန်းနီးစနစ်ကိုမိုဘိုင်းနည်းပညာများနှင့်ပတ်သက်သည့်အပတ်စဉ်ေ ဆွးနွေးပွဲများ တွင် အဓိက ထား၍ ဆွေးနွေးလျက်ရှိကြောင်း သိရ သည်။ အပတ်စဉ် တနင်္လာနေ့ တိုင်း ဆွေးနွေး လျက်ရှိ သည့် မိုဘိုင်းမန်းနီးအစီ အစဉ်ကို မိုဘိုင်းနည်းပညာနှင့်ပတ်သက် ၍ မေလ ၂၆ရက်နေ့ကလည်း ရန်ကုန် မြို့လမ်း-၅၀ရှိ 50th Street Bar ၌ ဒုတိယအကြိမ်ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင်စီဘီဘဏ် နှင့်အော်ရီဒူးမြန်မာတို့ပူးပေါင်း၍ မိုဘိုင်းမန်းနီး၏အလားအလာများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ယင်းအစီအစဉ်ကို ၂၀၁၄ခုနှစ် အတွင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ အော်ရီဒူးမြန်မာသည် ၂၀၁၄ခု နှစ် ဖေဖော်ဝါရီလ ၅ရက်နေ့တွင် တယ် လီကွန်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့ပြီးဝန်ထမ်းများခန့်အပ်လျက်ရှိကာတယ်လီကွန်အခြေခံအဆောက်အအုံများတည်ဆောက်လျက်ရှိသည်ဟု အော်ရီဒူး မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။ ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် ငွေ လွှဲငွေသွင်းခြင်းများကို စီဘီဘဏ်မှ စတင်ပြုလုပ်လျက်ရှိသည်။
