Main menu

Background

မီးခိုးငွေ့များ ထပ်မံဖြစ်ပေါ်လာမည်ကို ကြိုတင်ကာကွယ်ရန် အင်ဒိုနီးရှား အာဏာပိုင်များ လုပ်ဆောင်လျက်ရှိ

Thu, 06/05/2014 - 09:05 -- ydnar

 
အင်ဒိုနီးရှားနိုင်ငံအစိုးရသည် တောမီး လောင်ကျွမ်းခြင်း၊ စိုက်ခင်းများ မီးရှို့ခြင်းများ ကြောင့်ဖြစ်ပေါ် လာနိုင်သည့် မီးခိုးငွေ့များနည်း ပါးသွားစေရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။အထူးသဖြငRiau  ပြည်နယ်တွင်နေ့အပူချိန် များမြင့်တက်လျက်ရှိသဖြင့်တောမီးများလောင်ကျွမ်း ကာ မီးခိုးငွေ့ များ ထူထပ်လာမည်ကို စိုးရိမ်လျက်ရှိ ကြောင်းဖြင့် ဒေသဆိုင်ရာအာဏာပိုင်တို့က ပြော ကြားခဲ့သည်။

 
''တောမီးလောင်တဲ့အချိန်မှာ လေတိုက်နှုန်း ဟာ တကယ့်ကို အရေးပါပါ တယ်။ လေတိုက်တဲ့ အတွက် မီးခိုးငွေ့တွေ ဟာလေနဲ့အတူပင်လယ်ပြင်ကိုမျောပါသွားနိုင်ပါတယ်။ဒါပေမယ့်လေရဲ့ဦးတည်ချက်ကစင်ကာပူနိုင်ငံရဲ့အရှေ့ေ တာင်ပိုင်း ကနေ အနောက်ေ တာင်ပိုင်းကိုရွေ့သွားလိမ့်မယ်လို့မျှော်လင့် ရပါတယ်''ဟု ပီကန်ဘာရူ မိုး လေဝသနှင့် ဇလဗေဒ ဌာနမှအကြီးအကဲဖြစ်သူဆူဂါရင်ကပြောကြားခဲ့ သည်။တောမီးလောင်ကျွမ်းမှုများကို ငြိမ်းသတ် နိုင်ရန်အတွက်ဒေသဆိုင်ရာအာဏာပိုင်များအနေ ဖြင့် ပြည်တွင်း တက္ကသိုလ်ေ ကျာင်းသား ၄၀၀၀ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းထားပြီး ကျေးရွာ အသီးသီးတွင်လည်း မီးငြိမ်းသတ်ရေးဝတ်စုံ ငါးစုံ နှင့်ပစ္စည်းကိရိယာများကို ပံ့ပိုးပေးထားကြောင်း၊ အဆိုပါ မီးငြိမ်းသတ်ရေးစီမံကိန်းအတွက် အမေ ရိကန်ဒေါ်လာ ၃ဒသမ၅သန်းကုန်ကျမည်ဟုခန့်မှန်း ထားပြီးယခုအခါတွင်အမေရိကန်ဒေါ်လာ ရှစ်သိန်း ကို သုံးစွဲရန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။အင်ဒိုနီးရှားနိုင်ငံတွင် နှစ်စဉ်တောမီးများ လောင်ကျွမ်းမှုကြောင့်မလေးရှားနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့တွင် မီးခိုးငွေ့များ ဖုံးလွှမ်းလျက်ရှိသဖြင့် အဆိုပါမီးခိုးငွေ့များအန္တရာယ်မှ ကင်းလွတ်ရန် အတွက် ယခုစီမံကိန်းကို လုပ်ဆောင်ရခြင်းြ ဖစ် ကြောင်း သိရသည်။