တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် အင်အားပြင်းငလျင် လှုပ်ခတ်ရာ ၂၉ဦး ဒဏ်ရာရရှိ မြန်မာနိုင်ငံ၊ မြစ်ကြီးနားမြို့တွင်ပါ လှုပ်ခတ်ခဲ့သည်ဟု ဆို

 
ပြီးခဲ့သည့်မေလ ၃၀ရက်နေ့နံနက်  ပိုင်းက တရုတ်နိုင်ငံအနောက်တောင် ပိုင်းတွင် အင်အားရစ်ချ်တာစကေး ၅ ဒသမ ၉အဆင့်ရှိအင်အားပြင်းငလျင် တစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၂၉ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့ သည်။ထို့အတူ မြန်မာနိုင်ငံတွင်လည်း ထိုနေ့နံနက် ၇နာရီ ၅၁မိနစ်အချိန်တွင်  မြစ်ကြီးနားမြို့၏အရှေ့တောင်ဖက် ၆၁ ကီလိုမီတာအကွာကိုဗဟိုပြု၍ အင် အားရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားေ ကြာင်း မြန်မာနိုင်ငံ မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန မြေငလျင်တိုင်းတာရေးစခန်းမှ ထုတ်ပြန်ကြေညာ ခဲ့ သည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူ နန်ပြည်နယ်တွင် နေအိမ်များ ပြိုကျ ပျက်စီးခဲ့ရ သည့် အပြင် လူ ၂၉ဦးဒဏ် ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။''ကယ်ဆယ်ရေးလုပ်သား ၅၀ ကျော်ဟာ ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာ ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ သွားေ နကြ ပါပြီ။ ငလျင်ကြောင့် ပျက်စီး မှုဘယ်လောက်ရှိတယ်။ကယ်ဆယ်ရေး လုပ်ငန်းတွေ ဘယ်လောက်အထိ လုပ် ဖို့လိုတယ်ဆိုတာကိုပါ စုံစမ်းစစ်ဆေးကြ မှာပါ။ ငလျင်လှုပ်ခတ်မှုဟာပြင်းထန်တဲ့အတွက် ပျက်စီးမှုတွေကတော့ အနည်း နဲ့ အများရှိမှာပါ''ဟု ယူနန်ပြည်နယ် ကယ်ဆယ်ရေးအရာရှိမှပြောကြားခဲ့ သည်။အမေရိကန်ငလျင်တိုင်းတာရေးစခန်းမှ တာဝန်ရှိသူများက အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၉ရှိသည်ဟု ဆိုသော် လည်း ယူနန်ပြည်နယ်ငလျင် တိုင်းတာရေးစခန်းမှ တာဝန်ရှိသူများက မူငလျင်သည်အင်အားရစ်ချ်တာစကေး ၆ ဒသမ ၁ရှိသည်ဟု ထုတ်ပြန်ကြေ ညာခဲ့သည်။၂၀၁၂ခုနှစ်စက်တင်ဘာလအတွင်း က ယူနန်နှင့် ွကငဖ့သက ဒေသတို့တွင် အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း၈၀ကျော် သေဆုံးခဲ့ရသည်။ထို့ပြင်၂၀၀၈ခုနှစ်က အင်အားရစ်ချ် တာစကေး ၈ရှိသည့် အင်အား အလွန် ပြင်းထန် သည့် ငလျင်တစ်ခု စီချွမ်ပြည် နယ်တွင် လှုပ်ခတ်ခဲ့ရာ လူပေါင်း တစ် သောင်းနီးပါး သေဆုံးခဲ့ရကာ အများ အပြားပျက်စီးဆုံးရှုံးခဲ့ရသည်။