ဂျပန်ဗဟိုဘဏ်ရဲ့ အာရုံစိုက်မှုက စီးပွားရေးဖွံ့ဖြိုးမှုအတွက်အထောက်အပံ့ပေးရေးကနေစီးပွားရေးလှုံ့ဆော်တွန်း အားပေးအစီအစဉ်ကို တစစလျှော့ချ သွားမဲ့ ပထမခြေလှမ်းစီစဉ်လာကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ဂျပန်ဗဟိုဘဏ်က ၁၃ လကြာ ဆောင်ရွက်ခဲ့တဲ့ လှည့်လည်ငွေကြေးတိုး ပွားရေး အစီအစဉ်ကနေ ရုန်းထွက်ဖို့ အတွက်ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှုတွေရှိနေကြောင်း အပြည် ပြည် ဆိုင် ရာဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ လက်ရှိနဲ့ လက်ဟောင်းဘဏ်လုပ်ငန်း ရှင်တွေက ပြောပါတယ်။
ဆယ်စုနှစ်နှစ်စုကြာ ငွေကြေးကျုံ့ နေတာကို တိုက်ဖျက်ရေးအတွက် ငွေ ကြေးလှုံ့ဆော်အားပေးမှုကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့အဓိကအချက်တစ်ခုအဖြစ်အားထားလာခဲ့ပါတယ်။ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌဟာရုဟိကိုကူရိုဒါကလည်း ငွေေ ကြးဖောင်းပွမှုနှုန်း ၂ ရာ ခိုင်နှုန်းရရှိရေး ရည်မှန်းချက်ပြည့်မီ အောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ဆောင် ရွက်နေပါတယ်။ ဒါပေမဲ့ ငွေကြေး ဖောင်းပွမှုက ခရီးတစ်ဝက်ကိုနင်းလာ ပြီး ယခင်လက ရောင်းခွန် တိုးမြှင့်မှု ကြောင့် စီးပွားရေးကလည်း ကျဆင်းလာတဲ့အတွက်ဂျပန်ဗဟိုဘဏ် တာဝန်ရှိသူတွေက နောက်စာမျက်နှာသစ် တစ်ခု ဖွင့်ဖို့ စဉ်းစားနေကြ ပါတယ်။ အမေရိကန်ဗဟိုဘဏ်က စီးပွား ရေးလှုံ့ဆော်တွန်းအားပေးမှုကို လျှော့ ချတော့မည့် အရိပ်အယောင်ကိုပြလာ တဲ့ ၂၀၁၃ခုနှစ် မေလကအခြေအနေမျိုးဖြစ်ပြီး ဈေးကွက်မတည်မငြိမ်ဖြစ်တာနဲ့ ရှုပ်ထွေးမှုဖြစ်တာမျိုးတွေ မဖြစ် အောင်ေ င်ကြဉ် ဖို့ ကူရိုဒါနဲ့ ဗဟိုဘဏ် အဖွ့ဲသားတွေကစိတ်ဝင်စားနေကြပါတယ်။ ဗဟိုဘဏ်က တစ်နှစ်အတွက် လျာထားငွေက ဂျပန်ယန်းထရီလီယံ ၆၀-၇၀ (ကန်ဒေါ်လာ ၅၈၉ ဒသမ ၆၈၇ ဘီလီယံ)ရှိရာ လျှော့ချတော့မဲ့လက္ခဏာပြတဲ့အခါ ဖြစ်လာမဲ့ဂယက်ကပြင်းထန်မှုရှိလာနိုင်ပါတယ်။ ဒါ ကြောင့်ဗဟိုဘဏ် က စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်လျှော့ချရေး မရှိသေးဘူး ဒါမှမဟုတ်လူသိရှင် ကြား ရုတ်တရက် ကြေညာဦးမှာ မဟုတ်သေးဘူးလို့ နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။
