ဂျပန်ဗဟိုဘဏ်က စီးပွားရေးနာလန်ထူမှုကိုပိုမိုယုံကြည်လာ
ဂျပန်ဗဟိုဘဏ်ရဲ့ အာရုံစိုက်မှုက စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အ ပံ့ပေးရေးကနေစီးပွားရေးလှုံ့ဆော်တွန်း အားပေးအစီ အစဉ်ကို တစစလျှော့ချ သွားမဲ့ ပထမခြေလှမ်းစီစဉ်လာကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ဂျပန်ဗဟိုဘဏ်က ၁၃ လကြာ ဆောင်ရွက်ခဲ့တဲ့ လှည့်လည်ငွေကြေးတိုးပွားရေး အစီအစဉ်ကနေ ရုန်းထွက်ဖို့ အတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးမှုတွေရှိနေကြောင်း အပြည် ပြည်ဆိုင်ရာဆွေးနွေး မှုေ တွ နဲ့ နီးစပ်တဲ့ လက်ရှိနဲ့ လက်ဟောင်းဘဏ်လုပ်ငန်း ရှင်တွေက ပြောပါတယ်။
ဆယ်စုနှစ်နှစ်စုကြာ ငွေကြေးကျုံ့ နေတာကို တိုက်ဖျက်ရေးအတွက် ငွေ ကြေးလှုံ့ဆော်အားပေးမှုကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရဲ့ အဓိကအချက်တစ်ခု အဖြစ်အားထားလာခဲ့ပါတယ်။ ဂျပန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဟာရုဟိကိုကူရိုဒါ ကလည်း ငွေကြေးဖောင်းပွမှုနှုန်း ၂ ရာ ခိုင်နှုန်းရရှိရေး ရည်မှန်းချက်ပြည့်မီ အောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ဆောင် ရွက်နေပါတယ်။ ဒါပေမဲ့ ငွေကြေး ဖောင်းပွမှုက ခရီးတစ်ဝက်ကိုနင်းလာ ပြီး ယခင်လက ရောင်းခွန် တိုးမြှင့်မှု ကြောင့် စီးပွားရေးကလည်း ကျဆင်း လာတဲ့အတွက် ဂျပန်ဗဟို ဘဏ်တာ ဝန်ရှိသူတွေက နောက်စာ မျက်နှာသစ် တစ်ခု ဖွင့်ဖို့ စဉ်းစားနေကြ ပါတယ်။ အမေရိကန်ဗဟိုဘဏ်က စီးပွား ရေးလှုံ့ဆော်တွန်းအားပေးမှုကို လျှော့ ချတော့မည့် အရိပ်အယောင်ကိုပြလာ တဲ့ ၂၀၁၃ ခုနှစ် မေလကအခြေအနေ မျိုးဖြစ်ပြီး ဈေးကွက်မတည်မငြိမ်ဖြစ် တာနဲ့ ရှုပ်ထွေးမှုဖြစ်တာမျိုးတွေ မဖြစ် အောင်ရှောင်ကြဉ်ဖို့ ကူရိုဒါနဲ့ ဗဟိုဘဏ် အဖွ့ဲသားတွေကစိတ်ဝင်စားနေကြပါတယ်။ ဗဟိုဘဏ်က တစ်နှစ်အတွက် လျာထားငွေက ဂျပန်ယန်းထရီလီယံ ၆၀-၇၀ (ကန်ဒေါ်လာ ၅၈၉ ဒသမ ၆၈၇ ဘီလီယံ) ရှိရာ လျှော့ချတော့မဲ့လက္ခဏာပြတဲ့အခါ ဖြစ်လာမဲ့ဂယက်ကပြင်းထန်မှုရှိလာနိုင်ပါတယ်။ ဒါ ကြောင့်ဗဟိုဘဏ်က စီးပွားရေး လှုံ့ေ ဆာ်မှုအစီအစဉ်လျှော့ချရေးမရှိသေးဘူး ဒါမှမဟုတ်လူသိရှင် ကြား ရုတ်တရက် ကြေညာဦးမှာ မဟုတ်သေးဘူးလို့ နီးစပ်တဲ့အသိုင်း အဝိုင်းကပြောပါတယ်။
