Main menu

Background

မန်းဈေးကွက်မှာ ပြန်ဦးမော့

Mon, 09/20/2010 - 05:48 -- Anonymous (not verified)

မန်းဈေးကွက်မှာ ပြန်ဦးမော့     ပဲတီစိမ်းမှာ မန်းဈေးကွက်အတွင်း တရုတ်ဝယ်လိုအားမှာယခင်အပတ်ထက် အနည်းငယ်ဝယ်လိုအားပြန် ရှိလာပြီးရန်ကုန်ဝယ်လက်မှ ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် ဈေးအေးမသွားဘဲ ဈေးပြန်လည်ဦးမော့လာတာကို တွေ့ရပါတယ်။ဈေးကွက်အတွင်း စီးဝင်မှုနည်းလာသော်လည်း ရောင်းဝယ်မှုအနေနဲ့တော့ သိပ်အေးမသွားဘဲ ရောင်းဝယ်နေကြပါတယ်။ယခုတစ်ပတ်မှာတော့ ပဲတီစိမ်းဈေးကွက်ဟာ ဈေးနှုန်းအတက်အကျသိပ်မရှိဘဲ ဈေးငြိမ်ကာ အရောင်းအဝယ်ဖြစ်နေပြီးပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၂၉၈ ကျပ်၊ လတ်စ ၁၂ဝဝ ကျပ်၊ အောက်စ ၁ဝ၆၇ ကျပ်ဝန်းကျင်တို့ဖြင့် ရောင်းဝယ် နေကြ ပါတယ်။ယခင်အပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေကြသလို ရောင်းဝယ်အားလည်း ပြန်လည် ကောင်းလာခဲ့ပါ တယ်။ မန်းဈေးကွက်အတွင်းမှာ ပဲတီစိမ်းဟာ ရောင်းဝယ်မှု အကောင်းဆုံးသီးနံှတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ ပြည်ပ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်းတရုတ်သို့ ၅ဝ၇ တန်တင်ပို့မှုရှိခဲ့သလို ရန်ကုန် ဈေးကွက်အတွင်းသို့ ၁၂ဝဝ တန် တင် ပို့ခဲ့ကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်းဟာဈေးကွက်အတွင်းမှာ ရောင်းဝယ်မှုအနေနဲ့ သိပ်အေးမသွားဘဲ ဈေးတက် ရင်တက်ဈေး၊ ကျရင်ကျဈေးတို့နဲ့ ဆက်လက် အရောင်းအဝယ်ဖြစ်နေဦးမယ်လို့ ကုန်သည်တချို့မှ ပြောကြောင်း သိရပါတယ်။