Main menu

Background

ထိုင်းလယ်သမားများအတွက် ငွေကြေးနဲ့ အက်စ်အမ်အီးများအတွက် ငွေဖြစ်လွယ်မှုတို့ကို ဦးစားပေး ဆောင်ရွက်မည်

Fri, 06/06/2014 - 08:06 -- ydnar

 
ထိုင်းနိုင်ငံ ငြိမ်ချမ်းရေးနဲ့ တရား ဥပဒေစိုးမိုးရေးအမျိုးသားကောင်စီ (NCPO)  ရဲ့ ဘဏ္ဍာရေးတာဝန်ခံက ဦး စားပေးလုပ်ငန်းများ အဖြစ် ဆန်စပါး အာမခံထားအစီအစဉ်အရလယ်သမား ရသင့်တဲ့ ငွေကြေးတွေ ရရှိအောင် ကူညီဖို့နဲ့ အသေးစားနဲ့ အလတ်စားစီး ပွားရေးလုပ်ငန်း (အက်အမ်အီး) တွေ ငွေဖြစ်လွယ်မှုအတွက်အာမခံချက်ပေးဖို့ ဆောင်ရွက်သွားမှာ jဖစ်ကြောင်း မေ ၂၆ ရက်နေ့ က ကြေညာပါတယ်။

NCPOတာဝန်ခံလေတပ်အကြီး အကဲ Air Chief Marshal ပရာဂျင်ကျန်တောင်က မေ ၂၆ ရက်က ကျင်းပတဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန အရာရှိများနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များမှ ဝန်ထမ်းများနဲ့ တွေ့ဆုံပွဲတွင် အမှာစကားပြောကြားခဲ့ပါတယ်။ လတ် တလောဖြစ်ပေါ်နေသောပြဿနာများ နဲ့ ပတ်သက်ပြီးရေတို၊ ရေရှည်ဖြေရှင်းရ မည့် စီးပွားရေးစီမံကိန်းအဆင့် ၃ ဆင့် ကိုသူက တင်ပြခဲ့ပါတယ်။ ''ရင်းနှီးမြှုပ်နှံသူတွေနဲ့ စားသုံးသူ တွေရဲ့ ယုံကြည်မှုရအောင် ကျွန်တော် တို့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရပါမယ်။ တချိန်တည်း မှာ စီးပွားရေးကိုလှုံ့ဆော် တွန်းအားပေးနိုင်ဖို့ နည်းလမ်းတွေ ရှာ ဖွေရပါမယ်။ လတ်တလော ပြဿနာ   တွေကို အလျင်ဖြေရှင်းပြီး လာမဲ့ရက် သတ္တပတ်ထဲမှာ ပြည့်စုံတဲ့လမ်းပြမြေပုံ(Road Map)   ကိုတင်ပြမှာ ဖြစ်ပါ တယ်'' လို့ သူကပြောပါတယ်။ လတ်တလောပြဿနာများအနက်NCPO ကဆန်စပါးအာမခံထား အစီ အစဉ်အရလယ်သမားတွေ ကို ပြန်လည် ပေးချေနိုင်အောင် ဘတ် ၉၂ သန်း ထုတ် ပေးဖို့ဘဏ္ဍာရေးဝန်ကြီးဌာနကိုတာဝန် ပေးခဲ့ပါတယ်။ လယ်ယာ စိုက်ပျိုး ရေးနဲ့ လယ်ယာ စိုက်ပျိုးရေး သမဝါယမဘဏ်က တစ်ဆင့် ထုတ်ပေးသွားမှာဖြစ်ပါတယ်။ NCPO ကအောက်တိုဘာမှာ အပြီးဆောင်ရွက်ဖို့ရှိတဲ့ ၂၀၁၅ ခု ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် အကောင်အထည်ဖော်နို င်ဖို့အတွက် အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။    NCPO က နိုင်ငံတော်သုံးစွဲမှု မြှင့်တင်ရေးကိုအရှိန်မြှင့်ဆောင်ရွက်ဖို့ သက်ဆိုင်ရာ အေဂျင်စီတွေကို ညွှန် ကြားထားပြီး ၂၀၁၄ ခုနှစ်က မပြီးပြတ် ခဲ့တဲ့ စီမံကိန်းတွေကို ၂၀၁၅ ခုနှစ် ဘတ် ဂျက် မှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နောက်လတ်တလောပြဿနာ တစ်ခုက ငွေရရှိနိုင်ဖို့ အခြေအနေများ ဖန်တီးပြီး အက်စ်အမ်အီးတွေကို ကူညီ ဖို့ဖြစ်ပါတယ်။ အပေါင်မယူဘဲ ချေးငွေ ဘတ် ၁၆၅ ဘီလီယံထုတ်ပေးဖို့ ထိုင်း ချေးငွေအာမခံကော်ပိုရေးရှင်းကို ညွှန် ကြားထားပါတယ်။