ဘင်္ဂလားဒေ့ရှ် အစိုးရက ၂၀၁၄-၁၅ မှာ ဆန်တန်ချိန် နှစ်သိန်းတင်သွင်းဖို့ အစီအစဉ်ရှိ
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အရန်ဆန်ပြန်လည်ဖြည့်ဆည်းဖို့နဲ့ စားနပ် ရိက္ခာဖူလုံဖို့အတွက် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်(ဇူလိုင် ၂၀၁၄- ဇွန် ၂၀၁၅)အတွင်း ဆန်တန်ချိန် နှစ်သိန်းတင်သွင်းသွားမယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွင်း ဇွန်လ ၂ ရက် နေ့အထိ ဆန် တန်ချိန် ၃၀၆၀သာတင်သွင်းခဲ့ကြောင်း စားနပ်ရိက္ခာဝန်ကြီး ဌာနစာရင်းအရ သိရ ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဆန် ဈေးက ပြည်တွင်းဈေး နဲ့ယှဉ်ရင် ဈေးနိမ့်တာကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်လက်ရှိ အချိန်ထိ ပုဂ္ဂလိက ကဏ္ဍကဆန်တန်ချိန်၃၇၁ç၅၀၀ တင် သွင်းထားပြီးဖြစ်ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်အထွေထွေစားနပ် ရိက္ခာညွှန်ကြားမှုဦးစီးဌာနDGFမှ ပြောကြားချက်အရ အစိုးရဟာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ စုစုပေါင်းဆန်တန်ချိန် ၁ ဒသမ ၅သန်းဝယ်ယူဖို့စီစဉ်နေတယ် လို့ ဆိုပါတယ်။နိုင်ငံရဲ့ဆန်သိုလှောင်မှု က ၂၀၁၄ ဇွန်လ ၂ ရက်နေ့ မှာ တန်ချိန် ၆၃၈ç၀၂၀ ရှိတာကြောင့် ပြီးခဲ့တဲ့နှစ် ကာလတူအတွင်းရှိခဲ့တဲ့ တန်ချိန် ၆၁၁ç၈၀၀ ထက် ၄ ရာခိုင်နှုန်းခန့် ပိုမို တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆန်တင်သွင်းဖို့နဲ့ ဝယ်ယူဖို့အတွက် လက်ရှိ ရည်မှန်းချက်က စားနပ်ရိက္ခာအခြေ အနေပေါ် မူတည် ပြီး ပြောင်းလဲနိုင်တယ်DGFအကြီးအကဲမှ ပြောကြား ကြောင်း သိရပါတယ်။FAO နှင့်USDA တို့မှ ခန့်မှန်း ချက်အရ ၂၀၁၄ ခုနှစ်မှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဟာအစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍမှ တင်သွင်းမှုအပါအဝင် ဆန်တန်ချိန် ၄ သိန်းတင်သွင်းရမယ်လို့ ဆိုပါတယ်။
