ဆန်တင်ပို့မှု တိုးနေခြင်းကြောင့် အစိုးရဆန် သိုလှောင်မှုစစ်ဆေးဖို့ ထိုင်းဆန်တင်ပို့သူများအသင်းမှ တောင်းဆို
ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူနေရာ ပြန်လည်ရရှိနေတဲ့ မျှော်လင့်ချက်များကြောင့် အစိုးရဆန် သိုလှောင်မှု အားလုံး ကို ဈေးကွက် အခြေခံတဲ့ သိသာထင်ရှားတဲ့စစ်ဆေးမှု ပြုလုပ်ဖို့ ထိုင်းဆန်တင်ပို့သူများအသင်း(TREA) ဥက္ကဋ္ဌ မှ တောင်း ဆိုကြောင်းသိရပါတယ်။ယင်းဆန်စစ်ဆေးမှုက လက်ကျန်ဆန်သိုလှောင်မှုရဲ့ တိကျတဲ့ အရည်အသွေးနဲ့ ပမာဏကို ထုတ်ဖော် နိုင် လိမ့်မယ်လို့၎င်းကဆိုပါတယ်။ ကမ္ဘာ့ဆန်ဈေးကွက်နဲ့အညီ မူဝါဒများ ချမှတ်ဖို့တောင်သူလယ်သမားကိုယ်စား လှယ်များ၊ ဆန်စက် လုပ်ငန်းရှင်များ၊ ပြည်တွင်းဆန်ကုန်သည်များနဲ့ ဆန်တင် ပို့သူများ စုစည်းပြီး ဆန်ဘုတ်အဖွဲ့သစ်ကိုတည်ထောင်သင့်တယ်လို့ လည်း ၎င်း က ဆိုပါတယ်။
TREA ကခန့်မှန်းရာမှာ အစိုးရရဲ့ ဆန်အပေါင်ခံအစီအစဉ်ပြီးဆုံးသွားတဲ့ အတွက်ထိုင်းဆန်တင်ပို့ဈေးဟာဗီယက် နမ်နဲ့ အိန္ဒိယ တို့ရဲ့ ဆန်တင်ပို့ဈေးနဲ့ အပြိုင် ယှဉ်ပြိုင်နိုင်လာမယ်လို့ မျှော် လင့်ချက်နဲ့အတူ အစောပိုင်းက ဆန် တန်ချိန် ၇ ဒသမ ၅ သန်းခန့် တင်ပို့ နိုင်မယ်လို့ခန့်မှန်းထားခြင်းကိုပြန်လည် သုံးသပ်ပြီး ၂၀၁၄ မှာ ဆန်တန်ချိန် ၉ သန်း တင်ပို့ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဆန်တင်ပို့သူများဟာအစိုးရကဈေးကွက် ပေါက် ဈေးထက်ပိုပေးမယ်လို့ ကတိပြု ချက်အရ ဆန်အာမခံ အစီအစဉ်ဟာ ထိုင်းဆန် တင်ပို့ဈေးနှုန်းကို ယှဉ်ပြိုင်နိုင် မှုမရှိအောင်ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံ ခံစားခဲ့ ကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံဟာ ကမ္ဘာ့ ဆန် ထိပ်တန်း တင်ပို့သူနေရာကို ၂၀၁၂ နဲ့ ၂၀၁၃ တို့ မှာ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အစိုးရ ကြားဝင် ဆောင်ရွက်မှု မရှိခြင်းနဲ့ ထိုင်းဘတ်တန်ဖိုးကျဆင်း ခြင်းတွေက ထိုင်းဆန်တင်ပို့မှုအတွက် အကျိုးအမြတ်ရရှိ လိမ့်မယ်လို့ TREA အထွေထွေအတွင်းရေးမှူးမှ ပြောကြား ပါတယ်။ ထိုင်းဆန်တင်ပို့ဈေးနှုန်း ပြင်ဆင်ခြင်း၊ တရုတ်နိုင်ငံက ဝယ်လို အားတိုးလာခြင်းနဲ့အယ်နီညိုကြောင့် အိန္ဒိယနဲ့ အခြားအာဆီယံနိုင်ငံတွေမှာ ဆန်ထုတ်လုပ်မှုကျဆင်းခြင်းတွေကလည်း ထိုင်းဆန် ဝယ်လိုအားကိုတိုးလာစေဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ ထိုင်း ၅ မှတ်ဆန်ဈေးက တစ်တန် ကန်ဒေါ်လာ ၃၉၀ ရှိနေလို့ အိန္ဒိယ ဆန်ဈေး ကန်ဒေါ်လာ ၄၂၀-၄၃၀ နဲ့ ဗီယက်နမ်ဆန်ဈေး ကန်ဒေါ်လာ ၄၀၀ နဲ့ယှဉ်ရင် နိမ့်ကျနေပါတယ်။ ၂၀၁၄ ဇန်နဝါရီလ ၁ ရက်မှ မေလ ၂၀ ရက် အထိထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုက တန်ချိန် ၃ ဒသမ ၉၃ သန်းဝန်းကျင်ရှိ ပြီလို့ အသင်း မှ ပြောကြား ပါ တယ်။ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရဟာ လယ်သမား ၈ သိန်းနီးပါးကို ပေးဖို့ ကန်ဒေါ်လာ ၂ ဘီလီယံ ဝန်းကျင်ခန့် ဦးစားပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အမေရိကန်စိုက်ပျိုးရေး ဌာနရဲ့ ခန့်မှန်းချက်အရ ၂၀၁၄ မှာ ထိုင်းနိုင်ငံ ဟာ ဆန်တန်ချိန် ၉ သန်းခန့် တင်ပို့နိုင်မှာဖြစ်လို့ ၂၀၁၃ မှာတင်ပို့ခဲ့တဲ့ တန်ချိန် ၆ ဒသမ ၇ သန်းခန့်ထက် ၃၄ ရာခိုင်နှုန်းမြင့် တက် မယ်လို့ ဆိုပါ တယ်။ ၂၀၁၅ မှာ တန်ချိန် ၁၀ သန်းထိ တိုးမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံရဲ့ ၂၀၁၄ ဆန်သိုလှောင် မှုက တန်ချိန် ၁၃ ဒသမ ၈ သန်းခန့်ရှိမယ် လို့လည်းUSDA က ခန့်မှန်းထား ကြောင်း သိရပါတယ်။
