Main menu

Background

၂၀၁၄ ခုနှစ် ဇွန်လပထမအပတ် မန်းကုန်စည်ဒိုင် အရောင်းအဝယ် ပမာဏနဲ့ လအလိုက် ဈေးနှုန်းနှိုင်းယှဉ်ခြင်း

Wed, 06/11/2014 - 08:19 -- ydnar

 
မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ကုန်သည်၊စက်ပိုင်များကထိန်တော်အသင်း) ရဲ့ ၂၀၁၄ ခုနှစ် ဇွန်လ ပထမအပတ်မှာ ပဲ၊ ပြောင်း၊ နှမ်းများ အရောင်းအဝယ်သွက်လက်လျက်ရှိပါတယ်။ ပြည်ပ(တရုတ်) ဝယ်လက်မှပဲတီစိမ်းကြီး၊ ပဲယင်း၊ ထောပတ် ပဲကြီး၊  နှမ်းမျိုးစုံ နဲ့ ပြောင်းမျိုးစုံမှာအဓိက အရောင်းအဝယ် ဖြစ်တဲ့ သီးနှံများဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဇွန်လ ပထမ ပတ် မှာပဲတီစိမ်းကြီးတစ်ပိဿာ ၂၀၈၉ ကျပ် (တစ်တန် ၁၂၇၉၂၈၃ ကျပ်)နဲ့ နေ့စဉ် ၃ တင်းအိတ် ၃၀၀၀ ခန့်၊ ပဲယင်း တစ် ပိဿာ၁၀၂၅ကျပ် (တစ်တန် ၆၂၇၇၀၀ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၂၀၀ ခန့်၊ ထောပတ်ပဲကြီး တစ်ပိဿာ ၁၄၂၂ ကျပ် (တစ်တန် ၈၇၀၈၁၉ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၂၀၀ ခန့်၊ နှမ်းဖြူ တစ်ပိဿာ ၃၆၀၀ ကျပ် (တစ်တန် ၂၂၀၄၆၀၄ ကျပ်)၊ နှမ်းညို တစ်ပိဿာ ၂၈၇၈ ကျပ် (တစ်တန် ၁၇၆၂၄၅၈ ကျပ်)၊ နှမ်းနက် တစ်ပိဿာ ၂၈၄၄ ကျပ် (တစ်တန် ၁၇၄၁၆၃၇ ကျပ်)၊ နှမ်းနက်စမုံ တစ်ပိဿာ ၃၉၅၆ ကျပ် (တစ်တန် ၂၄၂၂၆၁၅ ကျပ်)နဲ့ နေ့စဉ် နှမ်းရောင်စုံ စုစုပေါင်း သုံးတင်းအိတ် ၈၀၀ခန့်အရောင်းအဝယ်ဖြစ်ပြီး ပြောင်း ဖူးစေ့(ရှမ်း)တစ်ပိဿာ ၃၉၈ ကျပ် (တစ် တန် ၂၄၃၇၃၁ ကျပ်)၊ ပြောင်းဖူးစေ့ (ဗမာ) တစ်ပိဿာ ၃၆၁ ကျပ် (တစ်တန် ၂၂၁၀၇၃ ကျပ်)၊ ပြောင်းဖူးစေ့ CP တစ်ပိဿာ ၄၀၂ ကျပ် (တစ်တန် ၂၄၆၁၈၁ ကျပ်) နဲ့ နေ့စဉ်ပြောင်းဖူးစေ့ မျိုးစုံအိတ် ၂၅၀၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ အခြားတင်ပို့သည့် ပဲများမှာ ရောင်းဝယ်မှု အားနည်းလျက် ရှိပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ဝယ်လက်များက ပဲစင်းငုံနီ၊ ကုလားပဲဖြူ လုံးကြီး၊ ကုလားပဲထိုင်ဝမ်၊ မတ်ပဲ၊ ပဲကြီး၊ ပဲပုပ်စေ့၊ ပဲလွန်းဖြူ၊ မြေထောက်ပဲများ ကို ဒေသတွင်းပဲခွဲစက်၊ ပဲသန့်စင်စက် များမှ အဓိက ဝယ်ယူလျက် ရှိပါတယ်။ ၂၀၁၄ ခုနှစ် ဇွန်လ ပထမအပတ်မှာ ပဲစင်းငုံနီ တစ်ပိဿာ ၉၅၀ ကျပ် (တစ် တန် ၅၈၁၇၇၁ ကျပ်) နဲ့ ဈေး အနည်း ငယ်အေးပေမဲ့နေ့စဉ်သုံးတင်းအိတ်၈၀၀ ခန့် ပုံမှန်အရောင်းအဝယ်ရှိပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ ထိုင်ဝမ် ကိုဒေသတွင်းပဲခွဲစက်နဲ့ ရန်ကုန် လှောင် လက်များမှ ဝယ်ယူမှုရှိလာတဲ့အတွက် အရောင်းအဝယ် အနည်းငယ် သွက် လက်လာပါတယ်။ V၂ တစ်ပိဿာ ၇၆၉ ကျပ် (တစ်တန် ၄၇၀၉၂၈ ကျပ်)၊ ကုလားပဲထိုင်ဝမ် တစ်ပိဿာ ၇၂၉ ကျပ်(တစ်တန် ၄၄၆၄၃၂ ကျပ်) နဲ့ နှစ်မျိုးပေါင်း အိတ် ၁၂၀၀ ကျော် အရောင်း အဝယ် ဖြစ်ကြောင်း သိရပါ တယ်။မတ်ပဲတစ်ပိဿာ ၁၂၃၃ ကျပ် (တစ်တန် ၇၅၅၀၇၇ ကျပ်) နဲ့ ဈေးမာပြီး နေ့စဉ်အိတ် ၈၀၀ ခန့် အရောင်းအဝယ် ဖြစ်လို့ယခင်လထက်ပိုမိုအရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ ယခုလမှာ အရောင်းအဝယ်ဖြစ်တဲ့ ပဲအတော် များများ ဈေးမာနဲ့အရောင်းအဝယ်ဖြစ် လျက် ရှိပါတယ်။ ယခုနှစ် ၂၀၁၄ ခုနှစ် မတ်လ၊ ဧပြီလ၊မေလနဲ့ဇွန်လအတွင်း အရောင်း အဝယ်ဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်း များရဲ့ ဈေးနှုန်းကို လအလိုက် နှိုင်းယှဉ် ပါကအများစုမှာ ဈေးမာအရောင်းသွက် ပြီး နှမ်းရောင် စုံ နဲ့ ပြောင်းမျိုးစုံတို့မှာ ဈေးအေးသော်လည်း ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိပါကြောင်း----